ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)သဘောထားထုတ်ပြန်ချက်

                                ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)                             
သဘောထားထုတ်ပြန်ချက်
၁၃၈၄ ခုနှစ်၊ နယုန်လဆန်း (၂) ရက်
၂၀၂၂ ခုနှစ် မေလ(၃၁)ရက်

နိုင်ငံတော်အစိုးရတာဝန်ရှိသူများအနေဖြင့် အခြေခံပညာကျောင်းများအား ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိပြီး မေလ ၂၅ ရက်မှ စတင်၍ ကျောင်းအပ်နှံမှုများအား စတင်လက်ခံဆောင်ရွက်ခြင်း၊ ကျောင်းဝတ်စုံ၊ ဖတ် စာအုပ်အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို အခမဲ့ထောက်ပံ့ပေးခြင်း တို့ကို အင်တိုက်အားတိုက် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
 ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ် ကျောင်းဆောင် အစည်းအဝေးခန်းမအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိ ရပြီး အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး ၃ ဦး မိုင်းစထိမှန်စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်ထောက်မြို့နယ်ပညာရေးမှူးအပါအဝင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ၄ ဦးနှင့် အရပ်သားဝန်ထမ်း ၁ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီး ကျောင်းအုပ် ဆရာမကြီးတစ်ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်ခြင်းကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)အနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန် အပ်ပါသည်။ 
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) 
အလုပ်အမှုဆောင်အဖွဲ့