ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အနော်ရထားလမ်း၊ (၃၅)လမ်းကားမှတ်တိုင်တွင် အကြမ်းဖက်သူများ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁ ဦးသေ၊ ၉ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အနော်ရထားလမ်း၊ (၃၅)လမ်းကားမှတ်တိုင်တွင် အကြမ်းဖက်သူများ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁ ဦးသေ၊ ၉ ဦး ဒဏ်ရာရ

နေပြည်တော်၊ မေ ၃၁

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်သော ပြည်သူ လူထု များနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူ များ အားထိခိုက်ဒဏ်ရာရရှိစေရန်ယုတ်ညံ့သောစိတ်ဓာတ်များဖြင့်အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များ အား ငွေကြေးထောက်ပံ့ခြင်း၊ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများ ဆောင်ရွက်ခြင်း၊ ၎င်းတို့ကိုယ်တိုင်ကျူးလွန်ခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းများ၊ ကားဂိတ်များနှင့်မှတ်တိုင်များတွင်ပါ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း၊ (၃၅)လမ်းကား မှတ်တိုင်၌ PDFအမည်ခံအကြမ်းဖက်သမားများ ထောင်ထား သည့် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁ ဦးသေ၊ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်က ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း၊ (၃၅)လမ်း ကားမှတ်တိုင်တွင် အကြမ်းဖက်သူများ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကားမှတ်တိုင်အနီးတွင်ရှိနေသည့် ရဲထက်နိုင်(၃၂)နှစ် (ဘ) ဦးဇော်မင်းဦး၊ နန္ဒမျိုးအောင်(၂၅)နှစ် (ဘ)ဦးဇော်မျိုး၊ ဦးစောမင်းရွှေ(၅၉)နှစ် (ဘ)ဦးရွှေထွန်း၊ ခန့်ဝေပိုင်(၁၉)နှစ် (ဘ)ဦးလှဝင်း၊ မိုးဇော်ဦး (၄၅)နှစ် (ဘ)ဦးခင်ဇော်ထွန်း၊ မြင့်သန်းစိုး(၂၃)နှစ် (ဘ) ဦးမြင့်သန်း၊ ကိုစိုင်းအောင်(၃၀)နှစ် (ဘ)ဦးစောလွင်၊ အောင်ကြီး(၃၀)နှစ် (ဘ)ဦးမင်းလွင်၊ အောင်နိုင်(၄၇)နှစ် (ဘ)ဦးငုံတို့ (၉)ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကာ အမည်မသိ (၃၀)နှစ်ခန့် အမျိုးသား (၁)ဦး(စိစစ်ဆဲ)တွင် ရင်ဘက်ပေါက်ပြဲဒဏ်ရာ၊ ဝမ်းဗိုက်ပေါက်ပြဲ ဒဏ်ရာများ ရရှိ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှု ခံယူနိုင်ရေး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် အများပြည်သူသွားလာနေသော ကားမှတ်တိုင်တွင် ဗုံးထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က စုံစမ်းဆောင်ရွက်လျက်ကြောင်း သတင်းရရှိသည်။