အိန္ဒိယနိုင်ငံမှ ဂုဏ်ထူးဆောင် ဒေါက်တာ (Ph.D) ဘွဲ့ ဆက်ကပ်ချီးမြှင့်ခံရသော စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက် ပဓာန နာယက ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်

အိန္ဒိယနိုင်ငံမှ ဂုဏ်ထူးဆောင် ဒေါက်တာ (Ph.D) ဘွဲ့ ဆက်ကပ်ချီးမြှင့်ခံရသော စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက် ပဓာန နာယက ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်

နေပြည်တော်၊ မေ - ၃၁

၂၀၂၂ ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားအရှေ့ပိုင်း စာပေတက္ကသိုလ်မှ ပညာရေး၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာကူညီရေး၊ စာပေယဉ်ကျေးမှုထိန်းသိမ်းရေးနှင့် ဒေသန္တရဗဟုသုတ လေ့လာသင်ကြားပြီးမြောက်ရေး ဂုဏ်ထူးဆောင် ဒေါက်တာ (Ph.D) ဘွဲ့ချီးမြှင့်ဆက်ကပ်ခြင်းခံရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျောင်းတက်လမ်း ရပ်ကွက်၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက် ပဓာန နာယက ဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ  မဟာသဒ္ဓမ္မဇောတိကဓဇ မင်္ဂလဓမ္မဇောတိကဓဇ (YMBA) ဒေါက်တာ ဘဒ္ဒန္တအရိယဝံသ အား တပည့်သံဃာတော်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဒါယိကာ၊ ဒါယိကာမများက ထပ်ဆင့်ဂုဏ်ပြုပူဇော် သည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် မြတ်ကြီး ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမ္မာန်တော်၌ ပြုလုပ်သည့် အခမ်းအနားသို့ စစ်တွေမြို့၊ ဓမ္မသုခဘုန်း တော်ကြီးကျောင်းတိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မိသားစုဝင်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ မဟာညောင်ကုန်းတိုက် ကောလာရုံကျောင်းတိုက်မှ သာသနာ့ဓဇ ဓမ္မာစရိယဝိနယဝိဒူ ဘဒ္ဒန္တ ခေမိန္ဒက  ဂုဏ ဝိသိဋ္ဌပူဇာမင်္ဂလာနိမန္တနဂါထာဖြင့် ဂုဏ်ထူးဆောင် ဒေါက်တာ (Ph.D) ဘွဲ့ ချီးမြောက် ဆက်ကပ်ခြင်းခံရသည့် ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် အား သာသနာ့ဗိမ္မာန်တော် မင်္ဂလာသို့ ပင့်လျှောက်တော်မူပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကာ အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်မှ ဘဒ္ဒန္တ ပညာသာမိက ဂုဏဝိသိဋ္ဌပူဇာဝိဝဋ္ဌဂါထာဖြင့် ရွတ်ဆိုရှိခိုးပူဇော်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မင်းပြားမြို့ တက္ကသီလမြို့မကျောင်း ပဓာနနာယကဆရာတော် ပြည်နယ်ဩဝါဒါစရိယ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဃောသိတာရမ္တထံမှ ငါးပါးသီလခံယူ ဆောက် တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူ ကြည်ညိုကြသည်။

ယင်းနောက် တပည့်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်အား အိန္ဒိယနိုင်ငံမှ ဆက်ကပ်သော ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့လက်မှတ်၊ ပြည်နယ်အစိုးရ အဖွဲ့၏ ဂုဏဝိသိဋ္ဌပူဇာထပ်ဆင့်ဂုဏ်ပြုလက်မှတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဂုဏဝိသိဋ္ဌပူဇာထပ်ဆင့်ဂုဏ်ပြုလက်မှတ်၊  အိန္ဒိယနိုင်ငံမှ ဆက်ကပ်သော ဂုဏ်ထူး ဆောင်ဒေါက်တာ (Ph.D) ဆုတံဆိပ်တို့ကို ဆက်ကပ်ပြီး ဂုဏပူဇာအလှူ တော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုးက ဆရာတော်၏ မဟုဇနဟိတသုခါဝဟဂုဏ်တို့ကို ဂုဏ်ပြုဝမ်းမြောက်စွာ လျှောက်ထားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သီဟသေနက ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်ပြီး ဂုဏဝိသိဋ္ဌပူဇာ အပူဇော်ခံ ဆရာတော် က သမ္မောဒနီယဩဝါဒ ကထာချီးမြှင့်တော်မူသည်။  ယင်းနောက် တက်ရောက်လာကြသူများက ဓမ္မသုခ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။