ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ - ၃၁

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ယနေ့ တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများသည် တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်(၁)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးစံပြစခန်းနှင့် ဘက်စုံစိုက်ပျိုးမွေးမြူရေးဗဟိုစံပြစခန်းတို့ရှိ   နို့စားနွား မွေး မြူရေးလုပ်ငန်း၊ အသားတိုးနွားမွေးမြူရေးလုပ်ငန်း၊ ဆိတ်မွေးမြူရေးလုပ်ငန်း၊ အသား တိုးဝက်မွေးမြူရေးလုပ်ငန်း၊ တစ်သျှူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်း၊ နေဗီယာမြက် စိုက်ခင်း၊ အအေးခန်းဥစားကြက်မွေးမြူရေး လုပ်ငန်းနှင့် အစာစပ်လုပ်ငန်းများကို  သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။