ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ မေ - ၃၁

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို မေ ၃၀ ရက် မွန်းလွဲပိုင်းတွင် လားရှိုးမြို့၊ လေ့ကျင့်ရေးအားကစားရုံ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပြိုင်ပွဲတွင် ဟိုပုံးမြို့နယ်အသင်းနှင့် သိန္နီမြို့နယ် အသင်း၊ အမျိုးသားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပြိုင်ပွဲတွင် တောင်ကြီး မြို့နယ်အသင်းနှင့် လားရှိုးမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆု ရရှိသူများ၊ အသင်းလိုက် ဆုရရှိကြသူများ၊ အကောင်းဆုံးအားကစားသမားဆုရရှိသူ များ၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့သော တာဝန်ရှိသူများနှင့် ဒိုင်အဖွဲ့ ဝင်များ၊ ဒိုင်းဆုရရှိသည့် အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သတင်း ရရှိသည်။