ဒူးရင်းသီးဘူဖေးပွဲတော် မင်္ဂလာမန္တလေးတွင်ကျင်းပမည်

မန္တလေး၊ ပွဲတော်

ဒူးရင်းသီးဘူဖေးပွဲတော် မင်္ဂလာမန္တလေးတွင်ကျင်းပမည်

ဒူးရင်းသီးချစ်သူများအတွက် ဒူးရင်းသီး ဘူဖေးပွဲတော်ကို ဇွန် ၅ ရက်ညနေပိုင်းတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မင်္ဂလာ မန္တလေး Promotion Area ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မိုးဦးရာသီတွင် ဒူးရင်းသီးရာသီဖြစ်သည့်အပြင် အာဆီယံ နိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှားနိုင်ငံတို့တွင်လည်း ဒူးရင်းသီးဘူဖေးပွဲများ ပြုလုပ်တာတွေရှိသည့်အတွက် မြန်မာနိုင်ငံမှ ဒူးရင်းသီးချစ်သူများအတွက် ဒူးရင်းသီးများဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ပြီး ဝယ်ယူမည်ဆိုပါက သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူထံမှ သိရသည်။

ဒူးရင်းသီးဘူဖေးပွဲတော်ကို ဇွန် ၅ ရက်ညနေ ၃ နာရီမှ ၄ နာရီအထိ တစ်ကြိမ်၊ ညနေ ၄ နာရီ ၁၅ မိနစ်မှ ၅ နာရီ ၁၅ မိနစ်အထိ တစ်ကြိမ်၊ ညနေ ၅ နာရီခွဲမှည ၆ နာရီခွဲအထိ တစ်ကြိမ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

မောင်ပြည်သူ(မန္တလေး)