တမူးမြို့၊ စော်ဘွားအင်းရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးအား  PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

တမူးမြို့၊ စော်ဘွားအင်းရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးအား  PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် - ၄

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာ သင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာ ကျောင်း များကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဖတ်စာအုပ် အပါအဝင် ကျောင်းသုံးစာရေး ကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အင်တိုက် အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

 သို့ရာတွင် NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများ သည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် နှင့် ၎င်းတို့ကို အကြောက်တရား ဖြင့်ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်း သော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ် ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာ အဆောက်အဦများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူ ခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စော်ဘွားအင်းရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးအား  PDF အမည်ခံ အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ တမူးမြို့၊ စော်ဘွားအင်းရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမှတစ်ဆင့် ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် အစောင့်ဖြစ်သူ ဦးနေထူးအောင်(ဘ)ဦးကြည်ရှိန်အား ပစ္စတိုဖြင့်ထောက်၍ ပညာရေး မှူးရုံး အဆောက်အဦအား ၎င်းတို့ အသင့်ယူဆောင်လာသည့် ဓာတ်ဆီများဖြင့် လောင်း ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး လာရာလမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ ကြောင်း သိရှိရသည်။ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မီးရှို့ ဖျက်ဆီးမှုကြောင့် မီးလောင်နေသည့် ပညာရေးမှူးရုံးအား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက် မီးငြှိမ်း သတ်ခဲ့ရာ ၃ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပြီး ပညာရေးမှူးရုံး အတွင်းရှိ ရုံးခန်း ၂ ခန်းနှင့် ရုံးခန်းများအတွင်းရှိ သင်ထောက်ကူပြုပစ္စည်းများ၊ စာရွက်စာတမ်းများနှင့် ပရိဘောဂများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်တွင် ပါဝင် ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိ သည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာ ရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်း ဖက် အဖွဲ့များ၏ လှုပ်ရှားမှု သတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင် ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ် ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်း ထားကြောင်း သတင်းရရှိသည်။