နယ်စပ်ရေးရာဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များပေးအပ်လှူဒါန်း

နေပြည်တော်၊ ပညာရေး

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်နှင့် တာဝန်ရှိသူများသည် ဇွန် ၄ ရက်နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက် သီရိရတနာဘုန်းတော်ကြီးသင် မူလတန်းလွန်ပညာရေးကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်း သား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံဖြူ/စိမ်း အစုံ ၃၀၀ နှင့်ကျောင်းသုံးဗလာစာအုပ်ဒါဇင် ၃၀၀ တို့ကို ပေးအပ် လှူဒါန်းသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပရဟိတကျောင်းများသို့ စားနပ် ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည့်အပြင် လိုအပ်ချက်ရှိသည့်ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များကို ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

မျိုးမျိုး