ရွှေတိဂုံစေတီတော်သို့ မေလအတွင်း ပြည်တွင်းပြည်ပဘုရားဖူးလာရောက်သူ ၁၂ သိန်းကျော်ရှိ

ရန်ကုန်၊ လူမှုရေး

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ မေလအတွင်း ပြည်တွင်းပြည်ပဘုရားဖူး လာရောက်သူ ၁၂ သိန်းကျော်ရှိကြောင်း ရွှေတိဂုံ စေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ ကာလအတွင်း ဘုရားဖူးလာ ရောက်မှုအများဆုံးနေ့မှာ ကဆုန်လပြည့် နေ့ဖြစ်ပြီး ယင်းနေ့တွင် သံဃာတော် ၁၈၆၂ ပါး၊ သာသနာ့ နွယ်ဝင်သီလရှင် ၁၂၄၃ ပါး၊ အမျိုးသား ၁၃၀၈၀၇ ဦး၊ အမျိုးသမီး ၁၅၈၉၂၈ ဦး၊ နိုင်ငံခြားသား ၂၈ ဦး၊ နိုင်ငံ ခြားသူ ၁၇ ဦးရှိကြောင်း သိရသည်။

မေလအတွင်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာရောက်သူများအနေဖြင့် မေ ၁ ရက်တွင် သံဃာတော်၊ သာသနာ့နွယ်ဝင် သီလရှင်၊ အမျိုးသား၊ အမျိုးသမီး၊ နိုင်ငံခြားသား၊ နိုင်ငံခြားသူ စုစုပေါင်း ၈၂၁၃၁ ဦး၊ မေ ၂ ရက်တွင် ၁၇၅၇၃ ဦး၊ မေ ၃ ရက်တွင် ၃၃၇၈၄ ဦး၊ မေ ၄ ရက်တွင် ၂၂၁၁၀ ဦး၊ မေ ၅ ရက်တွင် ၂၆၃၃၂ ဦး၊ မေ ၆ ရက်တွင် ၁၇၇၇၉ ဦး၊ မေ ၇ ရက်တွင် ၅၃၃၆၇ ဦး၊ မေ ၈ ရက်တွင် ၇၇၃၂၆ ဦး၊ မေ ၉ ရက်တွင် ၂၅၂၄၀ ဦး၊ မေ ၁၀ ရက်တွင် ၁၆၃၀၁ ဦး၊ မေ ၁၁ ရက်တွင် ၃၀၇၄၁ ဦး၊ မေ ၁၂ ရက်တွင် ၁၈၄၇၃ ဦး၊ မေ ၁၃ ရက်တွင် ၂၄၇၀၅ ဦး၊ မေ ၁၄ ရက်တွင် ၂၉၂၈၈၅ ဦး၊ မေ ၁၅ ရက်တွင် ၆၉၀၀၀ ဦး၊ မေ ၁၆ ရက်တွင်၂၆၄၅၉ ဦး၊ မေ ၁၇ ရက်တွင် ၂၃၃၈၀ ဦး၊ မေ ၁၈ ရက်တွင် ၂၀၅၉၄ ဦး၊ မေ ၁၉ ရက်တွင် ၂၇၈၉၅ ဦး၊ မေ ၂၀ ရက်တွင် ၁၂၈၈၆ ဦး၊ မေ ၂၁ ရက်တွင် ၃၉၆၈၃ ဦး၊ မေ ၂၂ ရက်တွင် ၇၂၇၇၁ ဦး၊ မေ ၂၃ ရက်တွင် ၂၆၉၃၀ ဦး၊ မေ ၂၄ ရက်တွင် ၁၇၂၃၅ ဦး၊ မေ ၂၅ ရက်တွင် ၂၅၄၃၀ ဦး၊ မေ ၂၆ ရက်တွင် ၂၁၀၈၀ ဦး၊ မေ ၂၇ ရက်တွင် ၂၅၁၇၂ ဦး၊ မေ ၂၈ ရက်တွင် ၃၇၆၄၂ ဦး၊ မေ ၂၉ ရက်တွင် ၅၄၇၈၀ ဦး၊ မေ ၃၀ ရက်တွင် ၁၅၇၉၆ ဦး၊ မေ ၃၁ ရက်တွင် ၂၉၇၆၀ ဦး  စုစုပေါင်း  ၁၂၈၅၂၄၀  ဦးရှိခဲ့သည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့သည် ပြည်တွင်းပြည်ပဘုရားဖူးများ နံနက်အစောပိုင်းတွင် လာရောက်ဖူးမြော်မှု များပြားသည့်အတွက် ဘုရားဖူးချိန်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်က နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ခွင့် ပြုပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် မတ် ၂၆ ရက်မှစ၍ နံနက် ၅ နာရီမှ ည ၈ နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။         

ဝန်းရံခ