ပျဉ်းမနားမြို့နယ်၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော်၊ စိမ်းလန်းစိုပြည်ရေး

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပျဉ်းမနား-လယ်ဝေးမြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၂၁၈/၂ နှင့် ၂၁၈/၄ ကြား၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၄ ရက်တွင်ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းက မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ပျဉ်းမပင် ကိုစိုက်ပျိုးပေးသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက သတ်မှတ် နေရာများ၌ သစ်ပင်များကို စိုက်ပျိုးကြသည်။

အဆိုပါမိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် ပျဉ်းမပင် ၉၀၊ ဆီသပြေပင် ၅၀၊ တောင်မရိုးပင် ၃၀၊ သပြေဘူတ ၁၈ ပင်၊ စိန်တံချူ ၁၈ ပင်၊  ပန်းမဲဇလီ  ၈၂ ပင်၊   စိန်ပန်းလေး ၄၆ ပင်၊ အာဖရိကန်ကျူးလစ် ၄၆ ပင်၊ ကုက္ကိုပင်  ၄၀  စုစုပေါင်း  ပျိုးပင်  ၄၂၀ ကို စိုက်ပျိုးခြင်း ဖြစ်ကြောင်း သိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)