လွိုင်ကော်မြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

လွိုင်ကော်၊ စိုက်ပျိုးရေး

၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်၅ ရက် နံနက်ပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့ ပညာရေး ဒီဂရီကောလိပ် ဝင်းအတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားပြီး သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက် လာသူများကို ပျိုးပင်များအသီးသီးပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကံ့ကော်ပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာကြသူများက သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်စိုက်ပျိုးကြသည်။

ကယားပြည်နယ် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုရှိစေရန်၊ သစ်တောသယံဇာတ ရေရှည် တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသည့်အပင်များ၊ အရိပ်ရအပင်များဖြစ်သည့် ကံ့ကော်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မဟော်ဂနီ၊ ခရေ၊ ခါတော်မီ၊ သပြေ စသည့် အပင်မျိုးပေါင်း ၆၀၀ ကို စုပေါင်းစိုက်ပျိုးကြောင်း သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)