တာဝန်မှကင်းကွာနေသော အခြေခံပညာရေး ဝန်ထမ်းများအား သက်မှတ်ရက်တိုးမြှင့် ဖိတ်ခေါ်ခြင်း

တာဝန်မှကင်းကွာနေသော အခြေခံပညာရေး ဝန်ထမ်းများအား သက်မှတ်ရက်တိုးမြှင့် ဖိတ်ခေါ်ခြင်း

    ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့် လည်းကောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့် လည်းကောင်း၊ သွားလာမှုခက်ခဲခြင်းကြောင့် လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှကင်းကွာခဲ့သော ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထား ရသည့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံသား မျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကိုရှေးရှု၍ သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန် အတွက် မိမိတို့၏ သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံးတာဝန် ထမ်းဆောင်ခဲ့ရာ ကျောင်းတည်ရှိသည့် မြို့နယ် ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့ လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ် ပညာရေးမှူး ရုံးသို့ဖြစ်စေ ၃၁-၅-၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန် ရေးအဖွဲ့က သတင်းထုတ်ပြန် ဖိတ်ခေါ်ခဲ့ရာ ယနေ့အထိ ဆရာ ဆရာမ(၂၄၈၂)ဦး ဆက်သွယ် သတင်း ပို့ခဲ့ပါသည်။

    ဆက်သွယ်သတင်းပို့ရန် ဆန္ဒရှိပါသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် အခြားသော အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်း မရှိသော ဆရာ ဆရာမများ အတွက် သတင်းပို့ ဆက်သွယ်ရမည့်ရက်ကို (၇ - ၆ - ၂၀၂၂) ရက်နေ့အထိ တိုးမြှင့် သတ်မှတ်ပေးလိုက်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့