အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာရှိ တောင်သူလယ်သမားများအားတွေ့ဆုံ၊ နွေစပါးစံပြအကွက်စိုက်ခင်းအားကြည့်ရှုစစ်ဆေး

အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာရှိ တောင်သူလယ်သမားများအားတွေ့ဆုံ၊ နွေစပါးစံပြအကွက်စိုက်ခင်းအားကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် - ၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာရှိ တောင်သူလယ်သမားများအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါကျေးရွာရှိ စံပြစိုက်ကွက်၌ သွားရောက် တွေ့ဆုံသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက မိုးစပါးသီးနှံအထွက်နှုန်းကောင်းမွန်ရေးနှင့် နွေစပါးစံ ပြကွက်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တောင်သူလယ်သမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ နွေစပါးတစ်ဧက တင်း(၁၀၀)နှင့် တင်း(၁၂၀) အထက် ထွက်ရှိရေးစံပြအကွက်စိုက်ခင်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။