မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေ စာရင်းနှင့်မြေပြင် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေ စာရင်းနှင့်မြေပြင် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၆

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးသည်  ယနေ့နံနက် ၈ နာရီတွင်  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အစီအစဉ်ဖြင့်   ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏလူငယ်လေ့ကျင့်ရေး စင်တာ၌ ဆောင်ရွက်လျက်ရှိသည့်   မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး   အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား   သွားရောက် ကြည့်ရှုအားပေး၍   လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ သက်ဆိုင်ရာ ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနတို့မှ တာဝန်ခံအရာရှိများ   တက်ရောက်ကြသည်။

အဆိုပါ   အခြေခံလူဦးရေ စာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ပြည်ထောင်စုနယ်မြေမှ  ထုတ်နုတ် ဝန်ထမ်းအင်အား ၄၅ ဦး၊   ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲရုံးများမှ ထုတ်နုတ် ဝန်ထမ်းအင်အား  ၅၅  ဦး  စုစုပေါင်းဝန်ထမ်း ၁၀၀ ဦးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏလူငယ် လေ့ကျင့်ရေးစင်တာတွင် အခြေပြု၍  ယနေ့မှစတင်ကာ သင်္ဃန်းကျွန်း မြို့နယ်နှင့်တာမွေမြို့နယ်တို့၏  မဲစာရင်း အခြေခံလူဦးရေစာရင်းအား မြေပြင်စိစစ်တိုက်ဆိုင် စစ်ဆေးမှုများ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။