သြစတြေးလျအနေဖြင့် ဆိုးဝါးသော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု တရုတ်သတိပေး

တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက်ပျံသန်းသည့်    သြစတြေးလျ ကင်းထောက်လေယာဉ်ကို တရုတ်လေတပ်မှ တိုက်လေယာဉ်တစ်စင်းက   ကြားဖြတ်လိုက်ရပြီးနောက် သြစတြေးလျအနေဖြင့် ထိုသို့ဆက်လုပ်နေပါက ဆိုးဝါးသော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၆ ရက်တွင် သတိပေးလိုက်ကြောင်း သိရသည်။

သြစတြေးလျလေတပ်မှ P-8 ကင်းထောက်လေယာဉ်က ပြီးခဲ့သည့်လနှောင်းပိုင်းတွင် တောင်တရုတ်ပင်လယ်အတွင်း ပျံသန်းနေစဉ် တရုတ် J-16 တိုက်လေယာဉ်က အန္တရာယ်မကင်းစွာ ကြားဖြတ်မှု လုပ်ဆောင်ကြောင်း သြစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားက ဇွန် ၅ ရက်တွင် ပြောပြီးနောက် တရုတ်

အစိုးရ၏ သတိပေးချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

လွတ်လပ်စွာသွားလာခွင့်    ဟူသော အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအပေါ် ထိပါးလာခြင်းကို မည်သည့်နိုင်ငံကို မျှခွင့်မပြုကြောင်း တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ သြစတြေးလျအနေဖြင့် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး အကျိုးစီးပွားနှင့်   ပင်မအကျိုး စီးပွားများအပေါ် လေးစားရန်၊ ဆိုးဝါးသော အကျိုးဆက်များ ထွက်ပေါ်လာစေမည့် အခြေအနေကို ရှောင်ရှားနိုင်ရေးအတွက်   နှိုင်းနှိုင်းဆဆ ပြောဆိုလုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ        ပြောရေးဆိုခွင့်ရှိသူ  ကျောင်းလီကျန်းက ပြောသည်။

Ref: CNA