ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များရှိ ပထမနှစ် သင်တန်းများ၏ လစ်လပ်နေရာများသို့ ပြောင်းရွှေ့ တက်ရောက်နိုင်ရေး လျှောက်လွှာ ခေါ်ယူသည့် ကြေညာချက်

ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များရှိ ပထမနှစ် သင်တန်းများ၏ လစ်လပ်နေရာများသို့ ပြောင်းရွှေ့ တက်ရောက်နိုင်ရေး လျှောက်လွှာ ခေါ်ယူသည့် ကြေညာချက်

(၂၀၂၀)ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေး ဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိထားပြီး  ကျောင်းလာရောက် အပ်နှံခြင်းမရှိသေးသူများ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ အချင်းချင်း ပြောင်းရွှေ့ လျှောက်ထားလိုသူများ၊ အခြားဝန်ကြီးဌာနအောက်ရှိ  တက္ကသိုလ်များတွင် ဝင်ခွင့်ရရှိသူများသည် ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့ လျှောက်ထားနိုင်ကြောင်းနှင့် လစ်လပ်နေရာပေါ် မူတည်ပြီး  ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအနက် အမှတ်အများဆုံး ရရှိသူများအား ရွေးချယ်၍ လစ်လပ်နေရာများတွင် အစားထိုး ပြောင်းရွှေ့ တက်ရောက်ခွင့်ပြုရေး ရွေးချယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

အသေးစိတ်အချက်အလက်များ သိရှိလိုပါက ကျန်းမာရေး ဝန်ကြီးဌာန၏ Facebook Page,Website  တို့တွင်လည်းကောင်း၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန၏ ွျှနဘျငအန တွင်လည်းကောင်း၊ သက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ Website  များတွင် လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့်  မိမိတို့လက်ရှိ တက်ရောက်ပညာ သင်ကြားလျက် ရှိသော တက္ကသိုလ်များတွင်လည်း စုံစမ်း မေးမြန်းနိုင်ကြောင်း ကြေညာ အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန