31st  SEA GAMES JUDO & KURASH ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် ရရှိခဲ့သည့် အားကစားသမားများနှင့် နည်းပြများအား မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်မှ ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  ဇွန်  ၁၂

31st SEA GAMES JUDO  & KURASH ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများ နှင့် နည်းပြများအား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ ဂုဏ်ပြုပွဲအခမ်းအနားကို နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်၌ ယနေ့ည ၆ နာရီတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ ဦးစောဒန်နီယယ်၊  ဒေါက်တာဗညားအောင်မိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊  အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ပြည် ထောင်စုဝန်ကြီးများ ဆုရအားကစားသမား များ၊ နည်းပြများနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုအမှာစကားပြော ကြားပြီး  မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက (၃၁)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံတော်အတွက် ဂျူဒိုနှင့် ကူရက်အားကစားနည်းများမှ ဆုတံဆိပ်များ ရယူပေးနိုင်ခဲ့မှု များကို ရှင်းလင်းတင်ပြသည်။  

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက 31st SEA GAMES JUDO  & KURASH ပြိုင်ပွဲများတွင်   ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များရရှိခဲ့ကြသည့်  အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြု ဆုငွေများ အသီးသီးချီးမြှင့် ပေးအပ်သည်။

31st SEA GAMES JUDO  & KURASHပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆု တံဆိပ်ရရှိမှုအနေဖြင့် ရွှေတံဆိပ်ဆုတစ်ဆု၊ ငွေတံဆိပ်ဆုသုံးဆုနှင့် ကြေးတံဆိပ်ဆုလေး ဆုရရှိသည်။ မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်အနေ ဖြင့် SEA GAMES ပြိုင်ပွဲ ရှစ်ကြိမ်တွင် ရွှေတံဆိပ်ဆု ၁၁ ခု၊ ငွေတံဆိပ်ဆု  ၂၆ ဆုနှင့် ကြေးတံဆိပ်ဆု ၁၉ ခုကို   ရယူနိုင်ခဲ့ကြောင်း  သတင်းရရှိသည်။   

ကျော်လွင်