စပိန်နိုင်ငံမြောက်ပိုင်းတွင် မီးရထားနှစ်စင်းတိုက်မိ၊ လူ ၃၀ ခန့်ဒဏ်ရာရရှိ

မက်ဒရစ်၊ မတော်တဆမှု

စပိန်နိုင်ငံမြောက်ပိုင်း တာရာဂိုနာပြည်နယ်တွင် ခရီးသည်တင်မီးရထားနှင့် ကုန်တင်မီးရထားတစ်စင်းတို့ တိုက်မှုဖြစ်ပွားရာ လူ ၃၀ ခန့် ဒဏ်ရာရရှိသွားပြီး ၎င်းတို့အနက် နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။

အဆိုပါ မတော်တဆမှုသည် ဘာဆီလိုနာမြို့တောင်ပိုင်းရှိ ဗီလာဆီကာမြို့အနီးတွင် ဇွန် ၁၂ ရက်ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၅၀ က ဖြစ်ပွားခြင်းဖြစ်ကြောင်း အရေးပေါ်ဌာနက ပြောသည်။ ခရီးသည်တင်မီးရထားပေါ်တွင် ခရီးသည် ၇၅ ဦးလိုက်ပါလာကြောင်း သိရသည်။

မတော်တဆမှုသည် ကုန်တင်မီးရထား ဘရိတ်ချွတ်ယွင်းခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ဖြစ်ပွားမှုကိုသက်ဆိုင်ရာက စုံစမ်း စစ်ဆေးလျက်ရှိကြောင်း မီးရထားလမ်းတည်ဆောက်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Adif ကထုတ်ပြန်ထားသည်။ အဆိုပါ မတော် တဆမှုကြောင့် မီးရထားအာဏာပိုင်အဖွဲ့က မီးရထားပြေးဆွဲမှုကို ဇွန် ၁၃ ရက်တွင် ရပ်ဆိုင်းထားကြောင်း သိရသည်။

ယခုဖြစ်ပွားသည့် မီးရထားမတော်တဆမှုသည် အဆိုပါဒေသတွင် တစ်လအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားသည့် မတော် တဆမှုဖြစ်ကြောင်း၊ ပြီးခဲ့သည့်မတော်တဆမှုအတွင်း စက်ခေါင်းမောင်းသူတစ်ဦး သေဆုံးပြီး ခရီးသည် ၈၆ ဦး ဒဏ်ရာရရှိသွား ကြောင်း သိရသည်။          

Ref: Xinhua