နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ သေနတ်သမားများက လူ ၄၀ ဦးကိုဖမ်းဆီး

လာဂို့၊ အကြမ်းဖက်မှု

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဇမ်ဖာရာပြည်နယ်တွင် ဓားပြများဟုယူဆရသည့် အမည်မသိသေနတ်သမားများက လူ ၄၀ ဦးကို ဖမ်းဆီးသွားကြောင်း ရဲတပ်ဖွဲ့က ဇွန် ၁၃ ရက်တွင်ထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးမှုသည် ဇမ်ဖာရာပြည်နယ်နှင့် ဆိုကိုတိုပြည်နယ်တို့ကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းပေါ်တွင်ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းက ဖြစ်ပွားခြင်းဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ရှီဟူက ပြောသည်။ ဖမ်းဆီး ခံထားရသူများသည် မင်္ဂလာဧည့်ခံပွဲတစ်ခုမှ ပြန်လာသူများဖြစ်ပြီး ၎င်းတို့အား ကယ်ဆယ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့က ပူးတွဲ လုံခြုံရေးစစ်ဆင်မှုများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

နိုင်ဂျီးရီးယားနိုင်ငံသည် အာဖရိက၏ လူဦးရေအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်း၌ ပြန်ပေးဆွဲမှု၊ ဓားပြမှုနှင့် အစွန်းရောက် တိုက်ခိုက်မှုများ အပါအဝင် အကြမ်းဖက်မှုများ မြင့်တက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Ref: Xinhua