အင်ဒိုနီးရှားသမ္မတ မော်စကိုသို့သွားပြီး ရုရှားသမ္မတနှင့်တွေ့ဆုံမည်

ဂျကာတာ၊ နိုင်ငံရေး

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုအနေဖြင့် ရုရှားနိုင်ငံ မော်စကိုမြို့သို့သွားပြီး ဇွန် ၃၀ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါခရီးစဉ်သည် အလွန်အရေးကြီးသည့်ခရီးစဉ် ဖြစ်လာမည်ဖြစ်ကြောင်းနှင့် ရုရှားအစိုးရအနေဖြင့် ထိုခရီးစဉ်အတွက် ယခု ကတည်းက ကြိုတင်ပြင်ဆင်နေကြောင်း ရုရှားအစိုးရသတင်းအရင်းအမြစ်တစ်ခုကိုကိုးကား၍ Tass သတင်းဌာနက ဖော်ပြထား သည်။

ထိုခရီးစဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ထားခြင်းမရှိသော်လည်း နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့ တွင် ဘာလီကျွန်း၌ကျင်းပမည့် G20 အစည်းအဝေးနှင့်ဆက်စပ်မှုရှိနိုင်ကြောင်း   သတင်းအရင်းအမြစ်က ဆက်ပြောသည်။

ဂျိုကိုဝီဒိုဒိုသည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတဗိုလိုဒိုမာဇီလန်စကီတို့ကို G20 အစည်းအဝေးသို့ ဖိတ်ခေါ်ထားပြီး  အဆိုပါ သမ္မတနှစ်ဦးစလုံးကလည်း  ယင်းအစည်းအဝေးသို့တက်မည်ဟု အတည်ပြုထားကြောင်း သိရသည်။

Ref: Bangkok Post