နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၆)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၆)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှတ်တမ်း

နေပြည်တော် ဇွန် ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၆)ကြိမ် မြောက်သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာန ဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကိုပြန်လည်ဖြေကြား သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် ပြောမည့်အကြောင်းအရာ များမှာ (တစ်) PDF အပါအဝင်အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင် လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေ ဘောင်အတွင်းဝင်လိုသူများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ရခြင်းအခြေအနေများ၊ (နှစ်) ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ (သုံး) တာဝန်မှကင်းကွာနေသော အခြေခံပညာရေး ဝန်ထမ်းများအား ပြန်လည်ဖိတ်ခေါ်ခြင်းနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များသာဖြစ်ကြောင်း၊  (တစ်) မှ (သုံး)အထိ မိမိအနေဖြင့် ရှင်းလင်း ပြောပြသွားမည်ဖြစ်ပြီး  ရွေးကောက်ပွဲကော် မရှင်အပိုင်းကို  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းပြောကြား သွားမည်ဖြစ်ကြောင်း၊ ထို့နောက် မေး၊ ဖြေ ကဏ္ဍဖြစ်ကြောင်း၊ မေးခွန်းများမေးသည့် အခါစနစ်တကျဖြစ်စေရေး အခမ်းအနားမှူး မှ မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း၊ မီဒီယာတစ်ခုလျှင် အချိန်ကန့်သတ်ချက်အရ မေးခွန်းတစ်ခုစီမေးမြန်း ပေးရန်ဖြစ်ကြောင်း ပြောကြားသည်။

ပထမဦးဆုံးအနေဖြင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင်ဆန့်ကျင်လျက်ရှိသည့်  အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်းဝင်ရောက်လိုသူ များနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်း အပေါ် ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် နိုင်ငံဖြစ်ပြီး ညီညွတ်မှုအားနည်းခဲ့သည့်အတွက် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပတ်ဝန်း ကျင်နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်စာလျှင် နိုင်ငံတော်သည် တိုးတက်သင့် သလောက်မတိုးတက်ဘဲ ထိခိုက်နစ်နာခဲ့ရ ပါကြောင်း၊ နိုင်ငံတော်က အကြမ်းဖက်အုပ်စု ဟုသတ်မှတ်ထားသည့် CRPH နှင့် NUG  တို့သည် နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ပြီး စိတ်ဓာတ်တက်ကြွသည့် လူငယ်များကို ဝါဒရေးရာမှိုင်းတိုက်ပြီး အကြမ်းဖက်မှုကျူးလွန်စေရန်၊ နိုင်ငံတော်ကိုဆန့်ကျင်စေရန် ဆောင်ရွက်ခဲ့ကြောင်း၊ စည်းရုံးသိမ်းသွင်း ခံထားရသူများသည် PDF အပါအဝင် အဖွဲ့ အစည်းအမျိုးမျိုးအမည်ခံ၍ အကြမ်းဖက်မှု များတွင် ပါဝင်ခဲ့ရပါကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတည် ဆောက်ရေးအခန်းကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးညီညီညွတ်ညွတ်နှင့် ပါဝင် ဆောင်ရွက်စေလိုသည့်ဆန္ဒရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့၏သတ်မှတ်စည်းကမ်းချက် များနှင့် ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝကို ပြန်လည်ဝင်ရောက် စေနိုင်ရေးအတွက် သား၊ သမီးချင်း ကိုယ်ချင်း စာစိတ်အရ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တချို့သောမိဘပြည်သူများ၏ အစိုးရအပေါ် မေတ္တာရပ်ခံချက်များ၊ ရောက်ရှိ ဒေသများရှိ ဒေသခံတိုင်းရင်းသားများ၏ မေတ္တာရပ်ခံချက်များ၊  နိုင်ငံ့အကျိုးကို လိုလားသူများ၏  မျှော်လင့်ချက်ကြောင့် လည်းပါဝင်ပါကြောင်း၊ လက်ရှိ မကွေးတိုင်း ဒေသကြီး၊ ငဖဲမြို့တွင် ၉ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် ၅ ဦး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၁  ဦးနှင့် ကျုံပျော်မြို့တွင် ၈ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ၁၅ ဦးနှင့် စုစုပေါင်း ၃၈ ဦး လက်ခံခဲ့ပြီးဖြစ်ကြောင်း၊ မနေ့ကအထိ လက်ခံပြီး PDF အမည်ခံအကြမ်းဖက် အဖွဲ့၏လုပ်ရပ်များကို သိမြင်လာပြီး မိဘရင်ခွင်ကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ် ကြောင်း၊ လက်ခံဆောင်ရွက်ပေးနေသည် ကို မီဒီယာများတွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ဆက်သွယ်မှုများ ပြုလုပ်နေ သူများလည်းရှိပါကြောင်း၊ ဆက်လက်လက်ခံ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါဖြစ်စဉ်မျိုးသည် ၁၉၈၈ ခုနှစ် တပ်မတော်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ တာဝန်ယူစဉ်အခါကလည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန်တွင် တပ်မတော်က နိုင်ငံတော်၏ အာဏာအရပ် ရပ်ကိုရယူလိုက်သည့်အခါ အစိုးရနှင့်တပ်မတော်၏ စေတနာအမှန်ကို သံသယစိတ်နှင့် ယုံကြည်မှုမရှိဖြစ်လာအောင် သွေးထိုးလှုံ့ဆော်ခဲ့သည့်အတွက် ကျောင်းသားလူငယ်များသည် နယ်စပ်ဒေသကို အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါကြောင်း၊ ထွက်ပြေးတိမ်းရှောင်ရာဒေသ တွင်ရှိသည့် ဒေသခံ လက်နက်ကိုင်များ၊ အခြားအဖွဲ့အစည်းများထဲသို့ ရောက်သွားကြပြီး ၎င်းတို့ လူမှုဒုက္ခများနှင့်ရင်ဆိုင်နေရသည်ကို နီးစပ်ရာမိသားစု အသိုင်းအဝိုင်း များမှတစ်ဆင့် အစိုးရက ကြားသိခဲ့ရပါ ကြောင်း၊ ထို့ကြောင့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေနှင့်လည်း မေတ္တာရပ်ခံချက်ကိုထုတ်ပြန်ခဲ့ကြောင်း၊ နယ်စပ်ဒေသကို တိမ်းရှောင်သွားသည့်  ကျောင်းသား၊ ကျောင်းသူများ မိဘရပ်ထံ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း ပြည်နယ်နှင့် စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးတိုင်း တို့တွင်ရှိသည့် မြို့နယ် ၂၇ မြို့နယ်တွင် ကြိုဆိုရေးစခန်းများ ဖွင့်လှစ်ခဲ့ ကြောင်း၊ ကြေညာသည့်ရက်ဖြစ်သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှ ၁၉၉၁ ခုနှစ် မတ်လ ၇ ရက်နေ့အထိ ပြန်လည် ဝင်ရောက် လာသည့် ကျောင်းသားပေါင်း ၃၃၅၄ ဦး၊ မိမိတို့၏ အမှားကို မှားယွင်းသည့်လုပ်ရပ်ဟု သဘောပေါက်သိမြင်ပြီး လက်နက်ချ အလင်းဝင်လာသည့် ကျောင်းသား ၅၀၅ ဦး စုစု ပေါင်း ၃၈၅၉ ဦးရှိကြောင်း မှတ်တမ်းများ အရသိရှိရပါကြောင်း ပြောကြားသည်။

မသမာသူများ၏သွေးဆောင်ဖြားယောင်း မှုများကြောင့် ကျောင်းသား၊ ကျောင်းသူများ လမ်းမှားရောက်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံတော်၏အနာဂတ်ကို ဖန်တီးကြမည့် သူများ တာဝန်ယူကြမည့်ခေါင်းဆောင်များဟု ယုံကြည်ထားမှုကြောင့် ဆောင်ရွက်ပေး ခဲ့ကြောင်း၊ အဆိုပါကာလတွင် လမ်းမှားရောက်၍ ပြန်လည်ဝင်ရောက်လာသူများသည် လက်ရှိသက်ရှိထင်ရှားရှိသူများ လည်းရှိပါ ကြောင်း၊  ကျောင်းသားလူငယ် များသည် ဖြူစင်ကြသူများဖြစ်ကြောင်း၊ နိုင်ငံအတွင်း ထူးခြားသည့်သမိုင်းကြောင်း ကိစ္စရပ်များတွင်  ကိုယ်ကျိုးရှာနိုင်ငံရေးသမားများက အစိုးရနှင့် အဆိုပါအစုအဖွဲ့များအကြား အထင်အမြင်လွဲမှားစေရေး၊ ထိပ်တိုက်တွေ့စေရေး နည်းအမျိုးမျိုးနှင့် ဆောင်ရွက်ခဲ့ကြောင်း၊ နောက်ဆုံးတွင် နိုင်ငံရေးသမားများသည် ကျောင်းသားလူငယ်များကို အသုံးချသွားခဲ့ ကြသည့်သူများချည်း သာဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရ အနေနှင့် လမ်းမှားရောက်နေသည့် လက်ရှိ အသုံးချခံလူငယ်များကို ဥပဒေဘောင် အတွင်း ဝင်ရောက်နိုင်ရန် ကမ်းလှမ်းကြိုဆို နေရခြင်းဖြစ်ကြောင်း ပြောကြားလိုကြောင်း ပြောကြားသည်။

မိမိတို့အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် PDF ထဲရောက်သွားသူများကို ပြန်လည်လက်ခံရန် အဘယ့်ကြောင့်စီစဉ် ရသနည်းဟု မီဒီယာများရော၊ အခြားလူမှု အဖွဲ့အစည်းများကပါ မေးမြန်းကြပါကြောင်း၊ အဓိကအချက်မှာ  မိဘများကြောင့်ဖြစ် ကြောင်း၊ မိမိတို့၏ သား၊ သမီးများ၊ ညီ အစ်ကိုမောင်နှမများ လမ်းမှားရောက်သွားလျှင် မည်သို့ခံစားရမည်နည်း၊ မည်သို့အဖမ်းခံရသည်၊ မည်သို့ အပြစ်ပေးခံရသည်၊ ကယ်ပေးပါ စသဖြင့်တောင်းဆိုမှုများလည်း ရရှိကြောင်း၊ နောက်တစ်ခုမှာ PDF များကို လက်ခံထားသည့် တချို့သော နဗဥျ အဖွဲ့ အစည်းများမှ အဖွဲ့ဝင်တချို့၏ ပြောကြားချက်များအရဖြစ်ပါကြောင်း၊ ၎င်းတို့နယ်မြေဒေသတွင် ယင်းတို့နှင့် ပတ်သက်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့်အကြောင်း ပြောကြားလာမှုများလည်းရှိကြောင်း၊ ထို့ကြောင့် မိမိတို့ ပြန်လည် လက်ခံဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ မိဘများနေရာကဝင်ခံစားပြီး လက်ခံခြင်းဖြစ်သည်ကို သဘောပေါက်စေလိုကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်ပြီး မိမိတို့ ယခုကဲ့သို့ပြောကြားလိုက်တိုင်း “ဒါမျိုး ဖြစ်စဉ်မျိုးမရှိဘူး။ မိဘတွေကိုယ်တိုင်က ပြောတယ်ဆိုတာ လိမ်လည် နေတာ” စသည်ဖြင့် ပြောကြားမှုမျိုးများ ရှိနိုင်ပါကြောင်း ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ခဲ့သည့်ဖြစ်စဉ်ကို ပြောကြားလိုပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတစ်နေရာ၌ ရဲဘော် ဆင်မကြီးဆိုသည့် PDF အဖွဲ့မှ လူကိုသတ်လိုက်သည့် အမှုကိစ္စဖြစ်ခဲ့ကြောင်း၊ ယင်းကိစ္စကို မဟုတ်ပါဘူးဟု ငြင်းလိုလျှင် ယခုပြသနေသည့်ပုံများသည် မိမိတို့ လုပ်ကြံ ဖန်တီးထားသည်များမဟုတ်ကြောင်း၊ PDF များနှင့် တချို့သော EAOs အဖွဲ့အစည်း များမှ လူများကိုယ်တိုင်တင်ထားခြင်းဖြစ်ကြောင်း၊ ၎င်းကို မည်သည့်အတွက်ကြောင့် သတ်သည်၊ မည်သူကသတ်သည်ကို မေးခွန်း ထုတ်လိုက်လျှင် အငြင်းပွားမှုများ ရပ်တန့်သွားမည်ဖြစ်ကြောင်း၊ ယင်းမှာ ဥပမာတစ်ခု ကိုသာ ထုတ်ပြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လမ်းမှားရောက်နေသည့် လူငယ်လူရွယ်များ အနေဖြင့် မိမိတို့အစိုးရက သားသမီးချင်း  စာနာစိတ်၊ နိုင်ငံသူနိုင်ငံသားချင်းစာနာစိတ် ဖြင့် ယခုကဲ့သို့ ဖိတ်ခေါ်နေသည့်အချိန်သည် အချိန်ကောင်းဖြစ်၍ ပြန်လည်ဝင်ရောက်စေ လိုကြောင်း၊ ဒီမိုကရေစီတွင် သဘောထား ကွဲလွဲမှု အမျိုးမျိုးရှိနိုင်ကြောင်း၊ ယင်းကို နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ ပြောကြားလိုကြောင်းပြော ကြားသည်။

ဆက်လက်ပြီး ဒုတိယအချက်အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့အနေဖြင့် သတင်းစာရှင်းလင်းပွဲဆောင် ရွက်ခဲ့ရာတွင် ငြိမ်းချမ်းရေးဆိုင်ရာနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်မှာ (၈)ကြိမ် ရှိပြီဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မိမိတို့နိုင်ငံအတွက် အရေးကြီး၍ဖြစ်ကြောင်း၊ တပ်မတော်နှင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်အတွက်လည်း အာမခံထားပြီးဖြစ်ကြောင်း၊ အစိုးရက ဖော်ဆောင်နေသည့် ဒီမိုကရေစီဆိုသည်မှာ လည်း တစ်ဒေသနှင့်တစ်ဒေသ၊ လူမျိုးတစ်ခုနှင့် တစ်ခုကြားထဲတွင် ညီမျှစွာဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ တူညီသည့်စနစ်ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ခေတ်အဆက်ဆက်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြသည်ကို သမိုင်းမှတ်တမ်းတွင် တွေ့ရပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနှင့် မြှင့်တင်နိုင်ရေး ဆောင်ရွက်ခြင်း၊ တပ်မတော်၏  ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီနှင့်  EAO များ တိုက်ရိုက်ဆွေးနွေးခြင်း၊ NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေးနှင့် နှစ်ဖက်သဘောတူညီချက်များရရှိရေး စသည့်လုပ်ငန်းစဉ်အလိုက် ချမှတ်ဆောင်ရွက်နေလျက်ရှိပါ ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်ဟု သတ်မှတ်ထားပြီး ၂၀၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးက မျှော်လင့်တောင့်တနေသည့် ငြိမ်းချမ်းရေး အဆင့်တစ်ခုရောက်အောင် ဦးစီးဆောင် ရွက်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော မိန့်ခွန်းတွင် “ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်း သား လက်နက် ကိုင်အဖွဲ့အားလုံးကို မိမိကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမယ်” ဟု ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေး တံခါးကို  ပိုမိုဝင်ရောက်လာနိုင်စေရေး ဖွင့်လှစ်ပေးခဲ့ကြောင်း ပြောကြားသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်အပေါ် NCA လက်မှတ် ရေးထိုးထားသည့်အဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ် မထိုးရသေး သည့်အဖွဲ့  ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့က တက်ရောက်မည်ဟုပြန်ကြားခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် RCSS(SSA) အဖွဲ့ ဥက္ကဋ္ဌ စဝ်ယွက်ဆစ်   ဦးဆောင်သည့်အဖွဲ့နှင့် ပထမဦးဆုံးစတင်ဆွေးနွေးခဲ့ကြောင်း၊ ယင်းအဖွဲ့သည် အစိုးရကငြိမ်းချမ်းရေးဆွေးနွေး ရန်ကမ်းလှမ်းရာတွင် ပထမဦးစွာ အပြုသဘောလက်ခံကြေညာချက် ထုတ်ခဲ့သည့်အဖွဲ့ထဲက တစ်ဖွဲ့ဖြစ်ကြောင်းကို အသိမှတ်ပြု ပြောကြားလိုပါကြောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးတို့အတွက် သွားနိုင်မည့်လမ်း၊ လုပ်နိုင်မည့်နည်းလမ်း၊ အခြေခံဥပဒေနှင့် အညီဆောင် ရွက်နိုင်မည့်အပေါ် ဆွေးနွေးခဲ့ကြသကဲ့သို့ ဒေသခံများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်မှုအခက်အခဲအပေါ် ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အချိန်ဇယား (Time Frame)ကို စနစ်တကျရေးဆွဲ ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် ဆွေးနွေးရာတွင် ဖက်ဒရယ်နှင့် ဆိုင်သည့် မူများ၊ ပြည်နယ်ဖွဲ့စည်းပုံဆိုင်ရာကိစ္စ၊ ဒေသလုံခြုံရေး၊ တိုင်းရင်းသားဒေသပညာရေးစနစ်၊ တိုင်းပြည်တည်ငြိမ်ရေး လမ်းကြောင်း အပေါ် အထောက်အကူပြုနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံ သည့် လူသားအရင်းအမြစ်သည် အဓိက လိုအပ်သည့်အတွက် တစ်နိုင်ငံလုံးတိုင်းရင်း သားဒေသများပါမကျန် ပညာရည်မြှင့်တင် ရေးကို လက်တွေ့ကျကျအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ ကိုလည်းကောင်း၊ ကရင်အမျိုးသားအစည်း အရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)နှင့် တွေ့ဆုံ ရာတွင် ငြိမ်းချမ်းရေးရရှိမှသာလျှင် နိုင်ငံတည်ဆောက်ရေး(State Building)၊ တိုင်းပြည်တည်ဆောက်ရေး(Nation Building)ကို ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မိမိတိုင်းရင်းသား၊ မိမိပြည်နယ်နှင့် မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် စဉ်းစားဆောင်ရွက်ရန် လိုသည့်အခြေအနေများကိုလည်းကောင်း၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP နှင့် ငြိမ်းချမ်းမှုရှိမှသာလျှင် ဒေသတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေးကို ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက် တိုင်းပြည်၏လိုအပ်ချက်၊ ဒေသခံတိုင်းရင်းသားတို့၏လိုအပ်ချက်များ ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့်   ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဇွန်လ ၄ ရက်တွင်  နိုင်ငံတော်အကြီးအကဲနှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး မှုများပြုလုပ်ခဲ့ပါကြောင်း၊   ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေချိန်တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့တွင် ရပ်တန့်နေ၍မရဘဲ စဉ်ဆက်မပြတ် တိုးတက်မှုရှိအောင် ဆောင်ရွက်နေရမည် ဖြစ်သည့် အခြေ အနေများ၊ မိမိတို့အနေဖြင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင် စုနိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းနိုင်ရေး ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရမည့် အခြေအနေများ အပြင်NDAA (မိုင်းလား)အဖွဲ့အနေဖြင့် နိုင်ငံတော်မှခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို စွဲမြဲစွာထိန်းသိမ်းလိုက်နာလျက်ရှိသည့် အခြေအနေများအားလည်းကောင်း၊ ဇွန်လ ၁၃ ရက်တွင်လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် တွေ့ဆုံခဲ့ကြောင်း၊ ပထမဆုံးထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည့် အဖွဲ့ဖြစ် သည့် အခြေအနေများ၊ နိုင်ငံတော်တွင် ခေတ်အဆက်ဆက်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ၊ အမှန်တကယ် ဖြစ်နိုင်ဖွယ်ရှိသည်များ စသည့်အချက်များကို ဆွေးနွေးခဲ့ကြပါကြောင်း၊ ယနေ့တွင် PNLO အဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊  ကျန်အဖွဲ့များနှင့်လည်း ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးစီးအဖွဲ့ဝင်များနှင့် ဆွေးနွေးပွဲတက်ရောက်လာခဲ့ကြသည့် အဖွဲ့အသီးသီးသည် ထပ်မံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ဆွေးနွေးရန်ကျန်ရှိသည့်တိုင်းရင်းသား EAO အဖွဲ့ ၃ ဖွဲ့နှင့်လည်း ဆက်လက်တွေ့ဆုံဆွေးနွေးသွားရန်ရှိကြောင်းကို ပြောကြားလိုကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်းမရှိသေးသည့် NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တိုင်းပြည်အကျိုး၊ ဒေသအကျိုးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ယခင် ဖိတ်ခေါ်ကမ်းလှမ်းချက်များအတိုင်း၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရအဖွဲ့အနေဖြင့်  ထပ်မံ၍ဖိတ်ခေါ်ခဲ့ကြောင်း၊ ထပ်မံဖိတ်ခေါ်ချက်အပေါ် တက်ရောက်ဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အသီးသီးမှ ဥက္ကဋ္ဌ(သို့မဟုတ်) ဥက္ကဋ္ဌကိုယ်စား အဆုံးအဖြတ်ပေးနိုင်မည့် ခေါင်းဆောင်နှင့်အဖွဲ့ဝင် ၂ ဦး၏ အမည်စာရင်းကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြန်ကြားပေးစေရန်  ကမ်းလှမ်းထားပါကြောင်း ပြောကြားသည်။

NCA အရရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှုမူဘောင်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ စသည့်အစုအဖွဲ့အသီးသီးမှ ပါဝင်သည့်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပရမည်ဖြစ်ကြောင်း၊ အချို့တိုင်းရင်းသားလက်နက်ကိုင်များ ပြောဆိုသကဲ့သို့၊ မီဒီယာများ လှုံ့ဆော်နေသကဲ့သို့၊ လက်ရှိအနေ အထားအရ နိုင်ငံရေးအခင်းအကျင်း အစုအဖွဲ့စုံလင်မှုမရှိကြောင်း ပြောနေကြသည်များရှိပါကြောင်း၊ လက်ရှိတွင် မိမိတို့သည်   တပ်မတော်အနေနှင့်ရော အစိုးရအနေနှင့်ပါ ဆွေးနွေးနေခြင်းဖြစ်ပြီး ဆွေးနွေးချက်များထဲတွင် ဖြစ်ချင်သည်ကို ဆွေးနွေးကြပြီး ဖြစ်သင့်သည်များကို ပြောဆိုညှိနှိုင်းခဲ့ကြကြောင်း၊ လက်ရှိငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးချက်များသည် လွှတ်တော်တင်ပြပြီး ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ်များလည်းရှိပါကြောင်း၊ လွှတ်တော်ပေါ်ပေါက်လာလျှင်လည်း လက်ရှိဆွေးနွေးနေသော နိုင်ငံရေး ပါတီများ အစုအဖွဲ့များကပဲ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာမည်ဖြစ်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့လည်း ပါပြီးဖြစ်ကြောင်း၊ အချို့သော အကြောင်းအရာများသည် ပြင်ဆင်သင့်၊ ပြင်ဆင်ရမည့်ကိစ္စရပ်များရှိလာလျှင် မည်သည့် အဖွဲ့အစည်းက အဓိကကျသည်၊ မည်သည့်အဖွဲ့အစည်းနှင့်  ညှိနှိုင်းရမည်ဆိုသည့်အချက်များကို အခြေခံဥပဒေကို လေ့လာ ထားသူတိုင်း သိရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေနှင့် ကြိုတင်ဆွေးနွေးနေခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေထက် ကောင်း သည့်နည်းလမ်း၊ အခွင့်အခါသင့်သည့်အချိန် ရှိမည်မဟုတ်ကြောင်းကို ပြောကြားလိုကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးမှု များနှင့်ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတိုင်းရင်းသားလူမျိုးများ၏ အကျိုး၊ မိမိဒေသ၏ အကျိုး၊  နိုင်ငံတော်၏အကျိုးကိုကြည့်ပြီး ဆောင်ရွက်သင့်သည်ဟု မိမိအနေဖြင့် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ငြိမ်းချမ်းရေးအတွက် အတူတကွဆောင်ရွက်ရမည့် နည်းလမ်းမှာ ညီညွတ်ခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ကောင်းကျိုးကို လိုလားခြင်း၊ ကောင်းကျိုးကို ဆောင်ရွက်နိုင်ခြင်းတို့သာဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်မှသာလျှင် ညီညွတ်ရေးရနိုင်မည် ဖြစ်ကြောင်း၊ ညီညွတ်ရေးနည်းလမ်းသာလျှင် ငြိမ်းချမ်းရေးနည်းလမ်းဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးတည်ဆောက်မှုရလိုလျှင် မိမိတို့နိုင်ငံသားအားလုံး ညီညွတ်ရေးကို ဦးစွာတည်ဆောက်ရမည်ဖြစ်ကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသား ပြည်သူများ၏အားသည် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်ပြီး ပြည့်အင်အားသည်  ပြည်တွင်းမှာသာရှိသည်” ဟု နိုင်ငံတော် အကြီးအကဲက ပြောခဲ့ကြောင်း၊ ယင်းကို မိမိတို့အလေးအနက်ခံယူပါကြောင်း၊ ပြင်ပကဆောင်ရွက်ချက်များ၊ ပြင်ပကလာသည် များသည် အားဖြည့်အကူအညီများသာဖြစ်ကြောင်း၊ တိုင်းပြည်တစ်ပြည်၏ အဓိကအင်အားအစစ်အမှန်သည် ပြည်တွင်းတွင်သာရှိ ကြောင်း အလေးအနက်ခံယူပြီး ပြည့်အင်အားကိုတည်ဆောက်နိုင်မည့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် အားလုံးပါဝင်ကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားသည်။

ဆက်လက်ပြီး တတိယအချက်အနေဖြင့် တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအား ပြန်လည်ဖိတ်ခေါ်ခြင်းနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို တင်ပြလိုပါကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ အနာဂတ်ခေါင်းဆောင်များဖြစ်လာကြမည့် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးကို ဆောင်ရွက်ရာတွင် ပညာသင်ကြားရေး အတွေ့အကြုံရင့်ကျက်သည့် ဆရာ၊ ဆရာမများ၏ အခန်း ကဏ္ဍသည်လည်း အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ပါကြောင်း၊ ပညာရေးတာဝန်များ ထမ်းဆောင်မှုပေါ် နိုင်ငံရေးသမားများ၏   သွေးထိုးလှုံ့ဆော်မှုများကြောင့် CDM လုပ်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုများရှိခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့ခြင်း များကြောင့် စိုးရိမ်ကြောင့်ကြမှုများဖြစ်ပေါ်လာကာ တာဝန်မှကင်းကွာခဲ့ရပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ၎င်းတို့၏ သင်ကြားရေးတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒအလျောက် နောက်ဆုံးတာဝန်ထမ်း ဆောင်ခဲ့ရာကျောင်း၊ မြို့နယ်ပညာရေးမှူးရုံးသို့ သတ်မှတ်ပုံစံဖြည့်ပြီး အယူခံလွှာတင်သွင်း သတင်းပို့ကြရန် အသိပေးကြေညာထား ပါကြောင်း၊မိမိတို့ မေလ ၃၁ ရက်နေ့ထိ ကနဦးလက်ခံမည်ဖြစ်သည့်အတွက်  လက်ခံသတင်းပို့ ကြရန်ထုတ်ပြန်ထားသော်လည်း   လမ်းပန်းဆက်သွယ်ရေးနှင့် အခြားသောအခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်းမရှိသည်ကို တွေ့ရပါ ကြောင်း၊ ထို့ကြောင့် သတင်းပို့ဆက်သွယ်ရမည့်ရက်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့အထိ ထပ်မံ၍ တိုးမြှင့် သတ်မှတ် ပေးခဲ့ကြောင်း၊ ဇွန်လ ၁၄ ရက်နေ့အထိ အထက်တန်းပြ ၃၇၉ ဦး၊ အလယ်တန်းပြ ၁၀၀၅ ဦး၊ မူလတန်းပြ ၇၇၂ ဦး စုစုပေါင်း ၂၁၅၆ ဦး စာရင်းပေးရှိထားပြီး လက်ခံဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်လက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကိုရယူခဲ့ပြီးသည့် နောက်ပိုင်းတွင် အကြမ်းဖက် အဖွဲ့အစည်းများသည် အစိုးရယန္တရား ရပ်တန့်ပစ်နိုင်မည့်နည်းလမ်း၊ အစိုးရပြုတ်ကျရေးအတွက် နည်းလမ်းများနှင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်သည့်နေရာတွင် အစိုးရကိုတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပတ်သက်နေသည့်လူများ၊ ပါဝင် ပတ်သက်နေသည့်လူများ၏  မိသားစု၊ အစိုးရကို နိုင်ငံရေးအရ၊ စီးပွားရေးအရ ထောက်ခံအားပေးနေသည့်သူများကို ဖမ်းဆီး ခြင်း၊ သတ်ပစ်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ အဆောက်အဦများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်းစသည့် အကြမ်းဖက်ရေး နည်းလမ်းများကို ဆောင်ရွက်ခဲ့ကြပါကြောင်း ပြောကြားသည်။

ဆက်လက်ဖော်ပြပါမည်။