တရုတ်နိုင်ငံမှစမ်းသပ်ဆဲ ကာကွယ်ဆေးတစ်မျိုးက စိတ်ချရမှုရှိ

ပေကျင်း၊ ကျန်းမာရေး

တရုတ်ဆေးသိပ္ပံ အကယ်ဒမီလက်အောက်ရှိ ဆေးဘက်ဇီဝဗေဒဌာနက ထုတ်လုပ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်မျိုးသည် အစောဆုံးအဆင့်လက်တွေ့ စမ်းသပ်မှုတွင် စိတ်ချရမှု ရှိသည်ကိုတွေ့ရကြောင်း သုတေသီများက ပြောသည်။

အဆိုပါ လက်တွေ့စမ်းသပ်မှုကို အသက် ၁၈ နှစ်မှ ၅၉ နှစ်အတွင်းရှိ ကျန်းမာရေးကောင်းသူ ၁၉၁ ယောက်ဖြင့်လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့စမ်းသပ်စဉ် စမ်းသပ်မှုတွင် ပါဝင်သူများ၌ ပုံမှန် မဟုတ်သော မည်သည့်သက်ရောက်မှုမျှမရှိသည်ကိုတွေ့ရကြောင်း သုတေသီများက အောက်တိုဘာ ၆ ရက်တွင် ပြောသည်။ ထို့ပြင် အဆိုပါကာကွယ်ဆေးသည် ကိုယ်ခံအားတုံ့ပြန်မှုကိုလည်း ဖြစ်ပေါ် စေကြောင်းသိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၌ နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလေးမျိုးရှိသည်။ ၎င်းတို့အနက် မည်သည့်ကာကွယ်ဆေးကိုမျှ အတည်မပြုရသေး သော်လည်း ရောဂါကူးစက်လွယ်သူများကို ကာကွယ်ဆေးများ ထိုးပေးထားပြီးဖြစ်ကြောင်း သိရ သည်။

Ref: Bloomberg