အနောက်အုပ်စုက အာကာသစစ်ပွဲဆီ ဦးတည်နေဟု ရုရှားပြော

မော်စကို၊ နိုင်ငံရေး

အနောက်အုပ်စုအနေဖြင့် အာကာသစစ်ပွဲဆီ ဦးတည်နေပြီဖြစ်ကြောင်း ရုရှားအာကာသအေဂျင်စီမှ ညွှန်ကြားရေးမှူး ဒီမီထရီရိုဂိုဇင် ကပြောသည်။

လော့ဟိမာတင်၊ ဘိုးအင်း အစရှိသည့် အမေရိကန်မှ ပုဂ္ဂလိကကုမ္ပဏီများက ဦးတည်ချက်တစ်ခုတည်းအတွက် လုပ်ဆောင် နေကြောင်း ဒီမီထရီရိုဂိုဇင်က ဆက်ပြောသည်။

အဆိုပါ ဦးတည်ချက်မှာ အနီအောက်ရောင်ခြည်သုံး ရေဒါများမှသော်လည်းကောင်း၊ သမားရိုးကျထောက်လှမ်းမှုများမှသော်လည်း ကောင်း  သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ရရှိစေရန်ဖြစ်ကြောင်း၊ ထိုအချက်အလက်များကို စုဆောင်းခြင်းသည်  အမြင့်ပျံဒုံးကျည်လမ်းကြောင်းအတွက်  သို့မဟုတ် အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်အတွက်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အလားတူ စတားလင့်ကဲ့သို့သော ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီများကလည်း စုဆောင်းရရှိသော အဆိုပါအချက်အလက်များကို အသုံးချမည်ဖြစ်ကြောင်း ဒီမီထရီရိုဂိုဇင်က ပြောသည်။ အမေရိကန်အနေဖြင့် တိုက်စစ်ဆင်သော ကွန်ပျူတာ ထိုးဖောက်ဝင်ရောက်မှု စစ်ဆင်ရေးများကို ဆောင်ရွက်ခြင်းအားဖြင့် ယူကရိန်းအစိုးရကို ထောက်ပံ့ပေးနေသည်ဟု အမေရိကန် ဆိုက်ဘာကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ကြီးပေါနာကာဆုန်းက ပြောပြီးနောက် မကြာမီ ရုရှားဘက်မှ မှတ်ချက်ပြုပြောဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

Ref: RT