အာဆင်နယ်အသင်းက နကီတာကို ငါးနှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သည့်အပြင် ဂန္ထဝင်ကစားသမား သီယာရီအွန်နရီ၏ ကျောနံပါတ်(၁၄)ကိုပါ လွှဲပြောင်းဝတ်ဆင်စေခဲ့

လန်ဒန်၊ ဘောလုံး

အာဆင်နယ်အသင်းသည် အသင်းမှ လူငယ်တိုက်စစ်ကစားသမား နကီတာကို ငါးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သည့်အပြင် အသင်းဂန္ထဝင်ကစားသမား သီယာရီအွန်နရီ ဝတ်ဆင်ကစားခဲ့သော ကျောနံပါတ်(၁၄)ကိုလည်း လွှဲပြောင်းဝတ်ဆင်စေခဲ့ကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ် နကီတာသည် အာဆင်နယ်အသင်းအကယ်ဒမီမှ ပေါ်ထွက်ခဲ့သည့် လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့ သည့် ဘောလုံးရာသီက ရာသီဝက်နောက်ပိုင်းတွင် နည်းပြအာတီတာ၏ အခွင့်အရေးပေးမှုနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ ပြီးနောက် ဝါရင့်ကစားသမားများကို ကျော်ဖြတ်ပြီး ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်သည်။

နကီတာသည် ပြီးခဲ့သည့်ဘောလုံးရာသီဝက်က ခြေစွမ်းပြကစားနိုင်ခဲ့မှုနှင့်အတူ လက်ရှိအာဆင်နယ် အသင်း၌လည်း အသင်း တိုက်စစ်ပိုင်းတွင် ကစားသမား လိုအပ်ချက်များရှိနေသည့်အတွက် ယခုလကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် နကီတာကို သက်တမ်းတိုးစာချုပ်အတွက် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းက နကီတာကို တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် တစ်သိန်းတိုးမြှင့်ပေးခဲ့ပြီး ငါးနှစ် သက်တမ်းတိုး စာချုပ်ချုပ် ဆိုခဲ့သည့်အပြင် ယခင်က ကျောနံပါတ်(၃၀) ဝတ်ဆင်ကစားခဲ့ရာမှ ဂန္ထဝင်ကစားသမားဖြစ်သည့် သီယာရီအွန်နရီ ဝတ်ဆင်ကစားခဲ့ သော ကျောနံပါတ်(၁၄)ကို ပြောင်းလဲဝတ်ဆင်စေခဲ့ကြောင်း သိရသည်။                        

Ref;SB Nation