အိန္ဒိယနိုင်ငံ၌ မုတ်သုံကာလအတွင်း ရေကြီးမှုနှင့် မိုးကြိုးပစ်မှုကြောင့် နောက်ထပ်သေဆုံးသူအနည်းဆုံး ၂၆ ဦးရှိလာ

နယူးဒေလီ၊ သဘာဝဘေး

အိန္ဒိယနိုင်ငံ၌  ယခုနှစ်မုတ်သုံကာလအတွင်း  ရေကြီးမှုများနှင့်မိုးကြိုးပစ်မှုများကြောင့် နောက်ထပ်သေဆုံးသူအနည်း ဆုံး ၂၆ ဦးရှိလာ ကြောင်း  တာဝန်ရှိသူများက ဇွန် ၂၀ ရက်တွင်ပြောသည်။

မုတ်သုံကာလအတွင်း ရေကြီးရေလျှံမှုများသည် အိန္ဒိယနိုင်ငံနှင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ် များဖြစ်သည်။

သို့သော် ယခုနောက်ပိုင်းတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံမှုများခပ်စိတ်စိတ်ဖြစ်လာကာ ကြိုတင်မမျှော်မှန်းနိုင်သည့် အခြေအနေဖြစ်လာကြောင်း တာဝန်ရှိသူများက ပြောဆိုသည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်၌ မြေပြိုမှုအတွင်းလူသုံးဦးသေဆုံးပြီး ရေကြီးမှုအတွင်း ခြောက်ဦးသေဆုံးကြောင်း သဘာဝ ဘေးကယ်ဆယ်ရေး တာဝန်ရှိသူများက ပြောသည်ဟု သိရသည်။

နိုင်ငံအရှေ့ပိုင်းဘီဟာပြည်နယ်တွင်မူ မိုးကြိုးပစ်မှုကြောင့်အနည်းဆုံးလူ ၁၇ ဦးသေဆုံးကြောင်း ပြည်နယ်ကယ်ဆယ် ရေးတာဝန်ရှိ သူ တစ်ဦးဖြစ်သည့် ရီနူဒေဝီကပြောသည်။

အာသံပြည်နယ်ရှိ ခရိုင် ၃၃ ခု၌ ရေကြီးမှုများကြောင့်  ကျေးရွာပေါင်း ၅၀၀၀ ကျော်မှာ ရေလွှမ်းမိုးမှုဒဏ်ကိုဆက်လက် ခံစားနေရကာ ဒေသခံပြည်သူတစ်သိန်းကျော်မှာ ကယ်ဆယ်ရေးစခန်းများသို့ရွှေ့ပြောင်းနေထိုင်နေရကြောင်း  သိရသည်။

Ref: TST