ဗြိတိန်၌ နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံးမီးရထား သပိတ်မှောက်မှုဖြစ်ပွား

လန်ဒန်၊ ပြည်တွင်းရေး

ဗြိတိန်နိုင်ငံ၌ နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံး မီးရထားသပိတ်မှောက်မှုသည် ဇွန် ၂၁ ရက်မှစတင်ဖြစ်ပွားနေပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ သပိတ်မှောက်မှုဖြစ်ပွားရသည့်အကြောင်းရင်းမှာ ငွေကြေးဖောင်းပွမှုကြောင့် လူနေထိုင်မှုစရိတ် မြင့်တက်လာသည့်အတွက်  ဖြစ်သည်။

အဆိုပါသပိတ်မပေါ်ပေါက်လာစေရေးအတွက် အလုပ်သမားများနှင့်တာဝန်ရှိသူများကြား နောက်ဆုံးဆွေးနွေးမှုမှာ ဇွန် ၂၀ ရက်တွင် ပျက်ပြားသွားသောကြောင့် မီးရထားသမဂ္ဂအဖွဲ့ဝင် ၅၀၀၀၀ ကျော်မှာယခုသီတင်းပတ်အတွင်း သုံးရက်တိုင်တိုင် လမ်းလျှောက် ဆန္ဒပြသွားမည်ဖြစ်သည်။

တာဝန်ရှိသူများဘက်က ကမ်းလှမ်းလာသော လုပ်အားခတိုးမြှင့်ပေးမှုသည် ငွေကြေးဖောင်းပွမှုနှုန်းအောက်တွင်သာ ရှိသည့်အတွက် လက်ခံနိုင်ဖွယ်ရာ မရှိကြောင်းမီးရထားသမဂ္ဂ အထွေထွေအတွင်း ရေးမှူးမစ်လင့်က ပြောသည်။

အစိုးရအနေဖြင့်မူ မီးရထားသပိတ်ကြောင့် ပေါ်ပေါက်လာနိုင်သည့် အခက်အခဲအကျပ်အတည်းများကိုကျော်လွှားနိုင်ရေးအတွက် လုပ်နိုင်သည့်အရာမှန်သမျှကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဂရန့်ရှပ်က ပြောသည်။

Ref: CAN