တိုက်စစ်မှူး လီဝန်ဒေါစကီးကို စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အသင်း၌ထားရှိမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာဆို

ဘိုင်ယန်မြူးနစ်အသင်း   အားကစားဒါရိုက်တာဟာမစ်ဇစ်က   မိမိတို့အနေဖြင့်   အသင်းတိုက်စစ် ကစားသမား လီဝန်ဒေါစကီးကို လက်လွှတ်မည်မဟုတ်ဘဲ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ     အသင်း၌ ထားရှိမည်ဖြစ်ကာ ၎င်းအနေဖြင့် အသင်း၏ လေ့ကျင့်ရေး အစီအစဉ်များတွင် လာရောက်ပူးပေါင်းလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

အသက်  ၃၃ နှစ်အရွယ်  လီဝန်ဒေါစကီးသည် ၂၀၂၃ ခုနှစ် ဇွန် ၃၁ ရက်မှသာ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်သော်လည်း ၎င်းကိုယ်တိုင်က လက်ရှိအပြောင်းအရွှေ့ကာလအတွင်း   ဘာစီလိုနာအသင်းသို့  ပြောင်းရွှေ့ကစားရန်  ကြိုးပမ်းနေခြင်း ဖြစ်သည်။

ဘိုင်ယန်မြူးနစ် အသင်းက လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင်   တိုက်စစ်ကစားသမား မာနေးကို ခေါ်ယူခဲ့ပြီးနောက်    လီဝန်ဒေါစကီးကို ရောင်းချလိမ့်မည်ဟု  သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ အားကစား ဒါရိုက်တာဟာမစ်ဇစ်က လီဝန်ဒေါစကီးကို လက်လွှတ်မည်မဟုတ်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဟာမစ်ဇစ်က လီဝန်ဒေါစကီးနဲ့ ကျွန်တော်တို့ကြား စာချုပ်သက်တမ်းက တစ်နှစ်ကျန်ပါသေးတယ်။ အသင်းမှာ    စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်ရှိနေမှာပါ။ ကျွန်တော်တို့ မာနေးကိုခေါ်ခဲ့တာက လီဝန်ဒေါစကီး နေရာမှာအစားထိုးဖို့ မဟုတ်ပါဘူး။ သူ့အနေနဲ့ ရာသီကြိုလေ့ကျင့်ရေးကာလမှာ  အသင်းနဲ့  လာရောက် ပူးပေါင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဟု ပြောကြားခဲ့သည်။                               

Ref;Bild