ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

၂၀၂၂ ခုနှစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၂၄ ရက်တွင် စစ်တွေမြို့ဓညဝတီ အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် စစ်တွေမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  စစ်တွေမြို့နယ် အသင်းက အနိုင်ရရှိပြီး အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ရမ်းဗြဲမြို့နယ်နှင့် သံတွဲမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရမ်းဗြဲမြို့နယ် အသင်းက အနိုင်ရရှိသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲ ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဆုရရှိသော အားကစားသမားများနှင့် ဆုရရှိသော အသင်းများကို တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ကြသည်။

ထို့နောက်    ပြည်နယ်အစိုးရ အဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီးက ပထမဆုရရှိသော  ရမ်းဗြဲမြို့နယ်  အမျိုးသမီး အသင်းအား တံခွန်စိုက်   ဆုဖလားကို လည်းကောင်း၊    ရခိုင်ပြည်နယ် ဝန်ကြီးချုပ်     ဒေါက်တာအောင်ကျော်မင်းက    ပထမဆုရရှိသော စစ်တွေမြို့နယ်အမျိုးသား အသင်းမှ  အားကစားသမားများအား  လည်ဆွဲတံဆိပ်၊ ငွေသားဆုနှင့်    တံခွန်စိုက် ဆုဖလားကို လည်းကောင်း ချီးမြှင့်ကြသည်။

အဆိုပါပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဇွန် ၁၈ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၆ သင်း၊ အမျိုးသမီးအသင်း ၁၇ သင်းတို့မှ ကစားသမား၁၆၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။