ဥရောပထိပ်တန်း အသင်းကြီးများက ခေါ်ယူရန်စီစဉ်နေသည့် တိုက်စစ်မှူး အန်ကူကူကို လိုက်ပဇစ်အသင်း သက်တမ်းတိုး စာချုပ်ချုပ်ဆို

ဥရောပထိပ်တန်း အသင်းကြီးများက ခေါ်ယူရန်စီစဉ်နေသည့် တိုက်စစ်မှူး အန်ကူကူကို လိုက်ပဇစ်အသင်း သက်တမ်းတိုး စာချုပ်ချုပ်ဆို

လိုက်ပဇစ်အသင်းသည် ဥရောပထိပ်တန်း အသင်းကြီးများက  ခေါ်ယူရန်စီစဉ်နေသည့်  တိုက်စစ်မှူး အန်ကူကူကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ပြီဟု  အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ် အန်ကူကူသည် ပီအက်စ်ဂျီ အသင်းအကယ်ဒမီမှ ပေါ်ထွက်ခဲ့သည့်  ကစားသမား တစ်ဦးဖြစ်သော်လည်း ပီအက်စ်ဂျီအသင်းတွင် ကစားခွင့် မရရှိသည့်အတွက်   ၂၀၁၉ ခုနှစ်  ဇူလိုင်လက ပီအက်စ်ဂျီအသင်းမှ လိုက်ပဇစ်အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သူဖြစ်သည်။

အန်ကူကူသည်    ပြီးခဲ့သည့် ဘောလုံးရာသီက လိုက်ပဇစ်အသင်းနှင့် အတူ အကောင်းဆုံး ခြေစွမ်းပြ နိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၅ ဂိုးအထိ သွင်းယူနိုင်ပြီးနောက် ဟာလန်းနှင့် လီဝန်ဒေါစကီးတို့ကို   ကျော်ဖြတ်ကာ ဂျာမန်ဘွန်ဒက်စ်လီဂါ    တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည်။

လိုက်ပဇစ်အသင်းနှင့် အကောင်းဆုံးခြေစွမ်းပြ နိုင်ခဲ့သည့် အန်ကူကူကို လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလအစပိုင်းက အသင်းဟောင်း ပီအက်စ်ဂျီ အသင်းနှင့် မန်ယူအသင်းတို့က ခေါ်ယူရန် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း  လိုက်ပဇစ်အသင်းက ကမ်းလှမ်းမှု အားလုံးကို ပယ်ချပြီးနောက် ယခုကဲ့သို့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ကြောင်း   သိရသည်။