တိုက်စစ်မှူးမာနေး ဘိုင်ယန်မြူးနစ်အသင်းသို့ပြောင်းရွှေ့ပြီးနောက် အာဖရိကကစားသမားများတွင် လုပ်ခလစာအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံး၌ရပ်တည်

တိုက်စစ်မှူးမာနေး ဘိုင်ယန်မြူးနစ်အသင်းသို့ပြောင်းရွှေ့ပြီးနောက် အာဖရိကကစားသမားများတွင် လုပ်ခလစာအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံး၌ရပ်တည်

ပါရီ၊ ဘောလုံး

လီဗာပူးအသင်းတိုက်စစ်မှူးမာနေးသည် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် လက်ရှိ အာဖရိက ကစားသမား များတွင် လုပ်ခလစာအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံး၌ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိ ဥရောပထိပ်တန်းလိဂ်များတွင် ထိပ်တန်း အဆင့်ရှိကစားသမားများရှိနေသော်လည်း တခြား ဥရောပနှင့် တခြားဇုန်များမှ ကစားသမားများထက် လုပ်ခလစာနည်းပါးခဲ့ကြပြီး မာနေးသည် ဘိုင်ယန် မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် တစ်ပတ် လုပ်ခလစာ စတာလင်ပေါင် ၂၅၀၀၀၀ ဖြင့် လုပ်ခလစာ အများဆုံးကစားသမား ဖြစ်လာခဲ့ခြင်းဖြစ်သည်။

မာနေးသည် ဘိုင်ယန်မြူးနစ်အသင်းသို့ မပြောင်းရွှေ့မီက လီဗာပူးအသင်း၌ တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၁၀၀၀၀၀ သာ ရရှိခဲ့ပြီး  အသင်းဖော်ဟောင်း ဆာလက်ချ်၏နောက်တွင် ရပ်တည်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ အာဖရိကကစားသမားများတွင် လုပ်ခလစာ အများဆုံး ကစားသမားစာရင်း၌ မာနေး၏နောက်တွင် လီဗာပူးအသင်းမှ ဆာလက်ချ်က စတာလင်ပေါင် ၂၂၀၀၀၀၊ မန်စီးတီးအသင်းမှ မာရက်စ်က စတာလင် ပေါင် ၂၀၀၀၀၀၊ အာဆင်နယ်အသင်းမှ  ပါတေးက စတာလင်ပေါင် ၂၀၀၀၀၀ နှင့် ပီအက်စ်ဂျီအသင်းမှ ဟာကီမီက စတာလင်ပေါင် ၁၇၆၀၀၀ ဖြင့် အသီးသီး ရပ်တည် လျက်ရှိကြောင်း သိရသည်။          

Ref;ESPN