မန်စီးတီးအသင်းက လက်ရှိကစားသမားအပြောင်းအရွှေ့ကာလတွင် ဒုတိယမြောက်ကစားသမား ခေါ်ယူမှုအဖြစ် လိဒ်အသင်းမှ ကယ်ဗင်ဖီးလစ်ကို ခေါ်ယူရန် သဘောတူညီမှုရရှိ

မန်ချက်စတာ၊ ဘောလုံး

မန်စီးတီးအသင်းက လက်ရှိကစားသမားအပြောင်း အရွှေ့ကာလတွင် ဒုတိယမြောက်ကစားသမား ခေါ်ယူမှုအဖြစ် မြို့ခံပြိုင်ဘက်   မန်ယူအသင်းကို ကျော်ဖြတ်ပြီး လိဒ်အသင်းမှ ကွင်းလယ်ကစားသမား ကယ်ဗင်ဖီးလစ်ကိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် အသင်းမှ ဝါရင့်ကွင်းလယ် ကစားသမား ဖာနန်ဒင်ဟိုနှင့်လမ်းခွဲခဲ့ပြီးနောက် ၎င်း၏နေရာ၌ အစားထိုးရန် ကယ်ဗင်ဖီးလစ်ကို ပြောင်းရွှေ့ကြေး  စတာလင်ပေါင် ၄၂  သန်းနှင့် အပိုဆုကြေး စတာလင်ပေါင် သုံးသန်း စုစုပေါင်း စတာလင်ပေါင် ၄၅ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။ ကယ်ဗင်ဖီးလစ်ကို မန်စီးတီးအသင်း မတိုင်မီက မြို့ခံပြိုင်ဘက် မန်ယူအသင်းကခေါ်ယူရန် တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ကယ်ဗင်ဖီးလစ်ကိုယ်တိုင်က မန်ယူအသင်းသို့ ပြောင်းရွှေ့ ကစားရန်ငြင်းဆိုခဲ့ပြီးနောက် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၆  နှစ်အရွယ် ကယ်ဗင်ဖီးလစ်သည်  လိဒ်အသင်းအကယ်ဒမီမှ ပေါ်ထွက်ခဲ့သောကစား သမားတစ်ဦးဖြစ်ပြီး  ပြီးခဲ့သည့် ဘောလုံးရာသီနှစ်ခုအတွင်း အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးများက ခေါ်ယူ ရန်စိတ် ဝင်စားခြင်းခံရကာ ၂၀၂၁ ခုနှစ်က အင်္ဂလန် အသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုပင် ရယူနိုင်ခဲ့သူဖြစ်သည်။

လက်ရှိတွင် ကယ်ဗင်ဖီးလစ်၏ အပြောင်းအရွှေ့အတွက် မန်စီးတီးအသင်းနှင့် လိဒ်အသင်းတို့ကြား သဘောတူညီမှုရရှိခဲ့ပြီးနောက်   လာမည့် ရက်ပိုင်းအတွင်း ဆေးစစ်မှုခံယူပြီးလျှင်  အပြီးသတ်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

Ref;Fabrizio Romano