SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမနေ့ကျင်းပ

ရန်ကုန် ဇွန် ၂၅

SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကွာတားဖိုင်နယ် ပထမနေ့ ပြိုင်ပွဲကို ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ Club အသင်းများမှ လက်ဝှေ့အားကစားသမားများ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်တာဝန် ရှိသူများ၊ လက်ဝှေ့ဝါသနာရှင်များ တက် ရောက်အားပေးခဲ့ကြသည်။

ပြိုင်ပွဲများကိုဝိတ်တန်းအလိုက်ယှဉ်ပြိုင် ကြရာ ၆၀ ကီလိုတန်းတွင် စောမူထော်ဂေး (TSL)  နှင့်   စောအယ်ဖူး (ဒို့ရိုးရာ)တို့ ထိုးသတ် ကြရာ စောမူထော်ဂေးက လေးချီတွင် အလဲထိုးနိုင်ခဲ့ပြီး   ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဆက်လက်ပြီး ဟိန်းထွန်းအောင် (ရွှေသထုံ) နှင့် သန့်ဇင်(တော်ဝင်ဧရာ)တို့ယှဉ်ပြိုင်ကြရာ ဟိန်းထွန်းအောင်က လေးချီတွင် အလဲထိုးအနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

ယင်းနောက် ၆၃.၅ ကီလိုတန်းပြိုင်ပွဲ များကိုယှဉ်ပြိုင်ကြရာ နက္ခမင်း(ဇွဲကပင်မြေ) နှင့် ကိုကိုအောင်(STL)တို့ ယှဉ်ပြိုင်ခဲ့ရာ နက္ခမင်းက ပထမအချီတွင် အလဲထိုးအနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသည်။ ဆက်လက်ပြီး ကျားသွေး (ထွန်းထွန်းမင်း) နှင့် ဇွဲရာမာန်(ဘိလပ်မြေ စက်ရုံ)တို့ဆက်ယှဉ်ပြိုင်ကြရာ ငါးချီအပြည့် ယှဉ်ပြိုင်ခဲ့ကြပြီး ဒိုင်လူကြီးများ၏ဆုံးဖြတ် ချက်အရ အမှတ်ဖြင့်  ကျားသွေးကအနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

ထို့နောက် ၆၇ ကီလိုတန်းပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ရာ စောရေထူး(STL)နှင့် စောမင်းမင်း(ရွှေသထုံ)တို့ ယှဉ်ပြိုင်ကြရာ  ဒုတိယ အချီတွင်  စောမင်းမင်းက   အလဲထိုးအနိုင်ယူခဲ့ပြီး  ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။ ဆက်လက်ပြီး ဟံသာဝတီ (အဖြူရောင်သွေးသစ်)နှင့် ကိုကိုနိုင်(ဇာနည်သွေး)တို့ ယှဉ်ပြိုင်ကြရာ ဒုတိယအချီတွင် ကိုကိုနိုင်က အလဲထိုးအနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

ထို့နောက် SKYNET ရွှေအောင်လံ  မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမနေ့၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ၇၁ ကီလိုတန်း (ဆီမီးဖိုင်နယ်)ပွဲကိုကျင်းပရာ ဖိုးလပြည့်(ဇာနည်သွေး)နှင့် မင်းထက် အောင်(ရွှေသထုံ)တို့ယှဉ်ပြိုင်ခဲ့ကြပြီး ပထမအချီတွင် မင်းထက်အောင်က  အလဲထိုး အနိုင်ရရှိခဲ့သည်။

SKYNET ရွှေအောင်လံမြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ရွှေသံလွင်မီဒီယာဂရုနှင့် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့ပူးပေါင်း ကာ မြန်မာ့ရိုးရာလက်ဝှေ့အားကစားကို နိုင်ငံတကာအဆင့်ထိ ထိုးဖောက်နိုင်စေရန် ရည်ရွယ်ပြီး  စီစဉ်ကျင်းပခြင်းဖြစ်သည်။ SKYNET  ရွှေအောင်လံမြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် ရွှေအောင်လံဆုအတွက် ဝိတ်တန်းလေးခုပါဝင်ပြီး ဝိတ်တန်းများအဖြစ် ၆၀ ကီလိုတန်း (၃ မိနစ် ၅ ချီ)၊ ၆၃.၅ ကီလို တန်း (၃ မိနစ် ၅ ချီ)၊၆၇ ကီလိုတန်း (၃ မိနစ် ၅ ချီ)၊ ၇၀-၇၁ ကီလိုတန်း(၃ မိနစ် ၅ ချီ) တို့ဖြစ်ပြီး ဗိုလ်လုပွဲစဉ်များယှဉ်ပြိုင်ကစား မည့်နေ့တွင် ၃ မိနစ် ၄ ချီစိန်ခေါ်ပွဲနှစ်ပွဲ ပါဝင်မည်ဖြစ်သည်။

ပြိုင်ပွဲများကို ဇွန် ၂၅ ရက်တွင် ကွာတား ဖိုင်နယ် ပထမနေ့၊ ဇွန် ၂၆ ရက်တွင် ကွာတားဖိုင်းနယ် ဒုတိယနေ့၊ ဇူလိုင် ၃ ရက်တွင် ဆီမီးဖိုင်နယ်၊ ဇူလိုင် ၁၀ ရက် တွင် ဗိုလ်လုပွဲစဉ်များအဖြစ် မွန်းလွဲ ၂ နာရီ တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပွဲစဉ်များ အားလုံးကို SKYNET SPORTS-4 နှင့် SKYNET SPORTS-HD ရုပ်သံလိုင်း များတွင်တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။ သိမ်ဖြူလက်ဝှေ့အား ကစားရုံတွင် လာရောက်ကြည့်ရှုအားပေးလိုသည့် ရိုးရာလက်ဝှေ့ အားကစားဝါသနာရှင်များအတွက် ဝင်ခွင့် လက်မှတ်များကို ငွေကျပ် ၅၀၀၀၊ ငွေကျပ် ၁၅၀၀၀ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

လင်းခန့်