သီရိလင်္ကာက ရေနံကုမ္ပဏီများကို စက်သုံးဆီ တင်သွင်းရောင်းချခွင့်ပြုမည်

သီရိလင်္ကာအစိုးရက ရေနံထုတ်လုပ်သည့် နိုင်ငံများမှ ကုမ္ပဏီများကို ပြည်တွင်း၌ စက်သုံးဆီ တင်သွင်းရောင်းချခွင့်ပြုမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးက ဇွန် ၂၈ ရက်တွင် ပြောသည်။

ယင်းသို့ခွင့်ပြုမှုသည် နိုင်ငံအတွင်း စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရစဉ် စက်သုံးဆီပြတ်လပ်မှုကို ကျော်လွှား နိုင်ရေးအတွက်   ကုမ္ပဏီကြီးနှစ်ခုကသာ စက်သုံးဆီ   ရောင်းဝယ်ရေးကဏ္ဍတွင် လက်ဝါးကြီးအုပ် ထားသည့်စနစ်ကို အဆုံးသတ်လိုက်ခြင်းလည်း ဖြစ်သည်။

စွမ်းအင်ဝန်ကြီးက  ကာတာနိုင်ငံသို့လည်းကောင်း၊  အခြားဝန်ကြီးတစ်ဦးက ရုရှားနိုင်ငံသို့လည်းကောင်း အသီးသီး သွားကာ စွမ်းအင်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ မလုပ်ဆောင်မီ   အစိုးရအဖွဲ့၏ ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုသို့   နိုင်ငံအတွင်းလာရောက်ကာ စက်သုံးဆီရောင်းချမည့် ကုမ္ပဏီများသည် လုပ်ငန်းစတင် လုပ်ဆောင်သည့်  အစော ပိုင်းလများအတွင်း ဗဟိုဘဏ်နှင့် အခြားဘဏ်များမှ နိုင်ငံခြားငွေကြေး မလိုအပ်ဘဲ လုပ်ငန်းများကို  လုပ်ဆောင်နိုင်ရမည်ဖြစ်ကြောင်း    စွမ်းအင်ဝန်ကြီးက ပြောထားသည်ဟု သိရသည်။

                                    Ref:TST