ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

နေပြည်တော်၊ ဇွန် - ၃၀

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘာသာရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ရောဂါနှင့် အကြမ်းဖက်အဖွဲ့ အစည်းများ၏ အဖျက်အမှောင့်လုပ်ငန်းများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် စီးပွားရေး လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် အသီးသီး ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယတိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။