အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နေပြည်တော်သို့ ရောက်ရှိ

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော်  ဇွန်   ၃၀

မြန်မာနိုင်ငံသို့ လာရောက်သည့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ  အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ  ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး  H.E. Mr. Prak Sokhonn  နှင့် ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့်  လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့သည်။

နေပြည်တော်သို့ လာရောက်သည့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်  ကမ္ဘောဒီးယားနိုင်ငံ   ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး  H.E. Mr. Prak Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ့အား  နိုင်ငံရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုနှင့် သံတမန်ရေးရာ ဦးစီးဌာနမှ ဦးဝဏ္ဏဟန်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရသည်။