အမေရိကန်ကဗျာဆရာ လူးဝစ်ဂလက် စာပေနိုဘယ်ဆုရရှိ

စတော့ဟုမ်း၊ နိုဘယ်ဆု

အမေရိကန်ကဗျာ ဆရာလူးဝစ်ဂလက်သည် စာပေနိုဘယ်ဆုကိုရရှိကြောင်း ဆွီဒင်အကယ်ဒမီရှိ နိုဘယ်ဆုရွေးချယ်ရေး အဖွဲ့က အောက်တိုဘာ ၈ ရက်တွင် ပြောသည်။

အသက် ၇၇ နှစ်ရှိ လူးဝစ်ဂလက်သည် ကလေးငယ်ဘဝနှင့် မိသားစုဘဝ၏ ရိုးရှင်းသော အလှတရား ကို ထင်ရှားပေါ်လွင်သော ကဗျာသံဖြင့်ပုံဖော်နိုင်မှုအတွက် စာပေနိုဘယ်ဆုကို ရရှိခြင်းဖြစ်ကြောင်း  ဆုရွေးချယ်ရေးအဖွဲ့က ပြောသည်။

လူးဝစ်ဂလက်သည် ၁၉၉၃ ခုနှစ်တွင် The Wild Iris အမည်ရှိ ကဗျာပေါင်းချုပ်စာအုပ်ဖြင့် ကဗျာဆိုင်ရာ ပူလစ်ဇာဆုနှင့် ၂၀၁၄ ခုနှစ်တွင် အမျိုးသားစာအုပ်ဆုကို ရရှိထားသူဖြစ်သည်။ ယေး တက္ကသိုလ်မှ အင်္ဂလိပ်စာပါမောက္ခဖြစ်သည့် လူးဝစ်ဂလက်သည် စိတ်ကူးယဉ်ဒဏ္ဍာရီများနှင့် ရှေး ဟောင်းစာပေများမှ စာပေအလှအပများအပေါ် အခြေခံကာ ၎င်း၏ ကဗျာများကို ဉာဏ်ကွန့်မြူး ရေးသားထားကြောင်း ဆွီဒင်အကယ်ဒမီက ပြောသည်။

ထို့ပြင် ၂၀၀၆ ခုနှစ်တွင်ထုတ်ဝေသည့် Averno အမည်ရှိ ကဗျာပေါင်းချုပ်သည် အမှန်တကယ် ကောင်းမွန်သော ကဗျာပေါင်းချုပ်ဖြစ်ပြီး ဒဏ္ဍာရီတစ်ခုဖြစ်သည့် ပါဆီဖုန်းက သေမင်းနတ်ဘုရား ဟေးဒီး၏ လက်အတွင်းရှိ ငရဲပြည်သို့ဆင်းသွားသည့်ပုံစံကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ဖော် ကျူးထားနိုင်ကြောင်း ဆွီဒင်အကယ်ဒမီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာပေနိုဘယ်ဆုကို ဆွတ်ခူးသည့် လူးဝစ်ဂလက်အနေဖြင့် ဆုငွေအဖြစ်ဆွီဒင်ခရောင်း ၁၀ သန်းကို လည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။      

Ref: The Straits Times