(၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့များ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

(၇)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့များ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

နေပြည်တော် ဇူလိုင် ၄

(၇)ကြိမ်မြောက်    မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ   နိုင်ငံတော်ကောင်စီဝင်နှင့်  နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယိ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်   ယနေ့ညနေပိုင်းတွင် လည်းကောင်း၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမူဝီနိုင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီး  မစ္စတာဗူရီသိုင်စွန်း ခေါင်းဆောင်သော  ကိုယ်စားလှယ်အဖွဲ့သည်  ယနေ့မွန်းလွဲပိုင်းတွင် လည်းကောင်း ပုဂံမြို့ရှိ ညောင်ဦးလေဆိပ်မှ    ပြန်လည်ထွက်ခွာ သွားကြသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့များအား နိုင်ငံခြားရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း   သိရသည်။