၂၀၂၂ ခုနှစ် ဇွန်လအတွင်း ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံတစ်ဝန်းရှိ ဝန်းကျင်လေထုအရည်အသွေးအခြေအနေအား လေ့လာဆန်းစစ်နိုင်ရန်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ/တိုင်းဒေသကြီး/ပြည်နယ်များတွင် ဝန်းကျင်လေထုအရည်အသွေးကို Environmental Perimeter Air Station (EPAS) - Haz-Scanner ဖြင့် Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Nitrogendioxide (NO2)၊ Sulphurdioxide (SO2) နှင့် Ozone (O3) စသည့် အဓိက ဏမေောနအနမ များကို ပုံမှန်တိုင်းတာပြီး လေ့လာ ဆန်းစစ်လျက်ရှိပါသည်။

၂၀၂၂ ခုနှစ် ဇွန်လအတွင်း နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မြစ်ကြီးနားမြို့၊ ဘားအံမြို့၊ မကွေးမြို့၊ မော်လမြိုင်မြို့နှင့် စစ်တွေမြို့တို့တွင် တိုင်းတာရရှိသည့် ဝန်းကျင်လေထု အရည်အသွေးရလဒ်များအား Air Quality Index (AQI) ဖြင့် တွက်ချက်ထားမှုအရ ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးအနီးဝန်းကျင်တွင် PM2.5 သည် ကျန်းမာရေးကို ထိခိုက်နိုင်သောအဆင့် (Unhealthy)၊ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်တောင်ခြေအနီးဝန်းကျင်တွင် PM2.5 နှင့် မကွေးခရိုင်ရုံး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အနီးဝန်းကျင်တွင် O3 သည် ခံနိုင်ရည်နည်းပါးသောသူများအတွက် ကျန်းမာရေး ကို ထိခိုက်နိုင်သောအဆင့် (Unhealthy for Sensitive Groups) ရှိပြီး ကျန်နေရာများတွင် ပုံမှန်ကောင်းမွန်သော အဆင့်တွင် ရှိကြောင်း အောက်ပါအတိုင်း လေ့လာဆန်းစစ်တွေ့ရှိရပါသည်-

၂၀၂၂ ခုနှစ် ဇွန်လတွင် မိုးရွာသွန်းမှုကြောင့် လေထုအတွင်း အမှုန်အမွှား PM2.5 နှင့် PM10 ပါဝင်မှုပမာဏလျော့ကျပြီး ဝန်းကျင် လေထုအရည်အသွေး အခြေအနေသည် ကောင်းမွန်သည့်အနေအထားတွင် ရှိနေခြင်းဖြစ်နိုင်ပြီး မိုးရွာသွန်းမှုနည်းပါးပြီး ဖုန်မှုန့် ထွက်ရှိမှုများပြားသော မေလမတိုင်မီ နွေရာသီကာလတွင် လေထုအတွင်း PM2.5 နှင့် PM10 ပါဝင်မှုပမာဏများပြားပြီး ဝန်းကျင်လေထု အရည်အသွေးအခြေအနေသည် သတ်မှတ်စံချိန်စံညွှန်းများထက် ကျော်လွန်နိုင်ကြောင်း သုံးသပ်ရရှိပါသည်။ လေထုအပူချိန်၊ လေတိုက်နှုန်းနှင့် လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထု အရည်အသွေးတိုင်းတာသည့် နေရာအနီး ဝန်းကျင် အခြေအနေတို့ပေါ်တွင်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထု အရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါ ကြောင်း သုံးသပ်ရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန