၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်  ဇူလိုင်  ၉

 ၂၀၂၂ ခုနှစ်  ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(C)ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့ နံနက် ၈ နာရီမှစတင်၍ နှစ်ယောက်တွဲအသင်းလိုက် (အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များယှဉ်ပြိုင် ကစားကြသည်။

ယနေ့ပွဲစဉ်များတွင် ပဲခူးတိုင်းဒေသကြီး အသင်းက ကယားပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊  မွန်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ရှမ်းပြည်နယ်အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို  သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ချင်းပြည်နယ် အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက ကယားပြည်နယ် အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်း ဒေသကြီးအသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ နေပြည်တော် ကောင်စီနယ်မြေအသင်းက ကရင်ပြည်နယ် အသင်းကို  သုံးပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

 ထို့နောက် ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် မကွေးတိုင်းဒေသကြီး အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ် အသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ မွန်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ နေပြည်တော် ကောင်စီနယ်မြေအသင်းက ရခိုင်ပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးအနိုင် ရရှိကြောင်း သိရသည်။