၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများ ဆက်လက် ကျင်းပ

၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများ ဆက်လက် ကျင်းပ

နေပြည်တော်  ဇူလိုင်  ၁၀

၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီမှ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B)ရုံ၌ ဆက်လက်ကျင်းပသည်။

ယနေ့ပွဲစဉ်များအဖြစ် အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ်   ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့်လည်း ကောင်း၊ ပြည်ထောင်စု ရာထူးဝန်အသင်းက စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းက ပြန်ကြားရေး ဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန အသင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အသင်းက တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အသင်းက စွမ်းအင်ဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိသည်။

အဆိုပါပြိုင်ပွဲယှဉ်ပြိုင် ကစားနေမှုများကို  အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊   ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဘော်လီဘော အားကစားဝါသနာရှင်များ  ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။