နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီးရှိ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီးရှိ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် မြို့မိ မြို့ဖများအား တွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် - ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့သို့ ရောက်ရှိနေကြသော နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ပိုင်းတွင် ခန္တီးမြို့၊ နယ်မြေခံတပ်နယ်သို့သွားရောက်၍ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံကာ လိုအပ်သည်များမှာကြားခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ သည်။

ဆက်လက်၍ ခန္တီးတပ်နယ် နန်စီမွန်ရပ်သာ အစည်းအဝေးခန်းမ၌ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့်ပတ်သက်၍ တင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်လက်ဖြည့်စွက်တင်ပြ သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ဒေသခံတိုင်းရင်းသားများ အား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက် ခန္တီးမြို့ရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားသည်။

ယင်းနောက် ခန္တီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နယ်မြေခံဒေသအခြေအနေ များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ခန္တီးမြို့ရှိ ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံတွင်တက်ရောက်ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကား ပြောကြား သည်။ ယင်းနောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်သို့ သွားရောက်ကာ ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညို၍ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။