ညောင်ရွှေမြို့၌ သံဃာအပါး ၆၀၀ ဆွမ်းလောင်းလှူပွဲကျင်းပ

ညောင်ရွှေ၊ သာသနာရေး

ညောင်ရွှေမြို့၌ သံဃာအပါး ၆၀၀ ဆွမ်းလောင်းလှူပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့ သံဃာ့သြဝါဒခံ အောင်ချမ်းသာနေ့စဉ်ပိဏ္ဍိပါတ် ဆွမ်းလောင်းအသင်း၏ (၁၄)နှစ်ပြည့် အထိမ်းအမှတ် ဆွမ်းလောင်းလှူခြင်းကို ဇူလိုင် ၁၃ ရက်နံနက်ပိုင်းတွင် ညောင်ရွှေမြို့ မြဝတီလမ်း၊ ရုံးကြီးလမ်း၊ ခရေ(၁)လမ်းနှင့် ဖောင်တော်ပြန်လမ်းတစ်လျှောက်၌ ကျင်းပကြောင်း သိရသည်။

အဆိုပါဆွမ်းလောင်းလှူခြင်းတွင် ကန်ကြီး ပရိယတ္တိစာသင်တိုက်၊ သာသနာ့ဝိပုလရွှေဂူစာသင်တိုက်၊ လှိုင်ကြူပရိယတ္တိစာသင်တိုက်၊ နိဂြောဓာရုံကျောင်း၊ တောင်ထပ်အိမ်ဂူကျောင်း၊ မြောက်ထပ်အိမ်ဂူကျောင်း၊ သာသနာ့ရောင်ခြည်ကျောင်းတို့မှ သံဃာတော် အရှင်သူမြတ်အပါး ၆၀၀ အား သံဃာ့သြဝါဒခံ အောင်ချမ်းသာနေ့စဉ် ပိဏ္ဍိပါတ်ဆွမ်းလောင်းအသင်းနှင့် ရပ်နီးရပ်ဝေးမှ အလှူရှင် ဒါယကာ၊ ဒါယိကာမတို့က ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်အစရှိသော လှူဖွယ်များကို ဆက်ကပ်လောင်းလှူကြကြောင်း သိရသည်။

စိုင်းအယ်ဘဲ