၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်  ဇူလိုင်  ၁၃

၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကိုယနေ့နံနက် ၈ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ဆက်လက်ကျင်းပသည်။

အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိသည်။

အမျိုးသားပြိုင်ပွဲ ပွဲစဉ်များတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အသင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအသင်းက သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းကို သုံးပွဲ တစ်ပွဲဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိကြသည်။

အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဘော်လီဘော အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။    

ကျော်လွင်