ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်  ဇူလိုင်  ၁၃

ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီမှစတင်၍  နေပြည်တော်  ဝဏ္ဏသိဒ္ဓိ အားကစား ကွင်း (C)ရုံ၌  ဆက်လက်ကျင်းပသည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊  ပိုက်ကျော်ခြင်း အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ပြိုင်ပွဲ နှစ်ယောက်တွဲအဖွဲ့လိုက် (အမျိုးသား)ပြိုင်ပွဲ၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်း ဒေသကြီးအသင်းကို နှစ်ပွဲတစ်ပွဲဖြင့်အနိုင်ရရှိပြီး ပထမဆုကို စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုကို မန္တလေးတိုင်း ဒေသကြီး အသင်းနှင့် တတိယဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းတို့က အသီးသီးရရှိခဲ့ကြသည်။

ဆက်လက်၍ နှစ်ယောက်တွဲ အဖွဲ့လိုက် (အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုကို မွန်ပြည်နယ်အသင်းနှင့် တတိယဆု ကို ဧရာဝတီတိုင်းဒေသကြီးအသင်းတို့က အသီးသီးရရှိခဲ့ကြသည်။

ထို့နောက် သုံးယောက်တွဲအဖွဲ့လိုက် (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော် ကောင်စီနယ်မြေအသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ် အသင်းက ကယားပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအသင်းက မကွေးတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက တနင်္သာရီ တိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊  မွန်ပြည်နယ် အသင်းက ကယားပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ် ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲတစ်ပွဲဖြင့်လည်းကောင်း၊ နေပြည်တော် ကောင်စီ နယ်မြေအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း   အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။

ထို့နောက် သုံးယောက်တွဲ အဖွဲ့လိုက် (အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းက ရခိုင်ပြည်နယ် အသင်းကို နှစ်ပွဲတစ်ပွဲဖြင့်လည်း ကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက နေပြည်တော် ကောင်စီနယ်မြေ အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက   ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်း ဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက တနင်္သာရီတိုင်း ဒေသကြီးအသင်း ကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြကြောင်း သိရသည်။

ကျော်လွင်