ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့ လာရောက်မည့် မိဘပြည်သူများ လိုက်နာ ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ ပန်ကြားခြင်း

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့ လာရောက်မည့် မိဘပြည်သူများ လိုက်နာ ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ ပန်ကြားခြင်း

-  ဘောပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗွီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/သံပိုက်များ ယူဆောင်၍ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အတွင်းသို့ ဝင်ရောက်ခွင့် မပြုပါ။

-  လာရောက်သူများအားလုံး နှာခေါင်းစည်း(Mask) များ မပျက်မကွက် စနစ်တကျ တပ်ဆင်ရန်။

-  သတ်မှတ်ပေးထားသော နေရာများတွင် စနစ်တကျ လက်ဆေးခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်။

-  ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းနှင့် ဗိုလ်ချိုလမ်းဆုံတွင် ကိုယ်အပူချိန် တိုင်းတာခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန် (နိုင်ငံသား စိစစ်ရေးကတ် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ်(သို့မဟုတ်) ကိုယ်ရေး အချက်အလက် စိစစ်နိုင်သည့် အသိအမှတ်ပြု ကတ်ပြား ယူဆောင်လာပါရန်)။

-  ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social/Physical Distancing နှင့်အညီ ရှေ့နောက်၊ဘေးတိုက် အကွာအဝေးများကို (၆)ပေအကွာအဝေး အတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများ အလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်။

-  ကိုယ်အပူချိန်မြင့်ခြင်း(အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း အပါအဝင် သံသယဖြစ်ဖွယ် လက္ခဏာများ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်။

-  ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့် အညီ လိုက်နာဆောင်ရွက်ရန်။

-  ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်လေ့လာသူများ အနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆)ပေခြား၍ စီတန်းပြီး ပြတိုက်အတွင်း ခွင့်ပြုသည့် အရေအတွက်အတိုင်း ဝင်ရောက်လေ့လာရန်နှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်။

-   ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အသိပေးချက်၊ သတိပေးချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်။

-  သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများ အနေဖြင့် လုံးဝ(လုံးဝ) လာရောက်ခြင်းမပြုရန်။

-  ဖျားားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အင်အားကုန်ခန်းခြင်း စသည့်ရောဂါ လက္ခဏာများ ဖြစ်ပွားနေပါက လုံးဝ(လုံးဝ) လာရောက်ခြင်း မပြုရန်။