အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဆီမီးဖိုင်နယ်တွင် မြန်မာနှင့်ထိုင်းအသင်း ယှဉ်ပြိုင်မည်

နေပြည်တော် ဇူလိုင် ၁၄

အာဆီယံ အမျိုးသမီးချန်ပီယံရှစ် အုပ်စု(ခ)နောက်ဆုံးပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းက ဗီယက်နမ် အမျိုးသမီးအသင်းကို ရှုံးနိမ့်ခဲ့ကာ  အုပ်စုဒုတိယသာရရှိပြီး ဆီမီးဖိုင်နယ်တွင်   အုပ်စု(က) ပထမနေရာမှ   ထိုင်းအသင်းနှင့် ဇူလိုင် ၁၅ ရက်(ယနေ့)မြန်မာစံတော်ချိန်   မွန်းလွဲ ၂ နာရီခွဲတွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းက   အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး    ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ရမယ့် ထိုင်းအသင်းနဲ့ ပွဲအတွက် အကောင်းဆုံး ပြင်ဆင်သွားပါမယ် ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောသည်။

မြန်မာအသင်းနှင့်  ထိုင်းအသင်းတို့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှုများအနေဖြင့် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ထိုင်းအသင်းက  မြန်မာအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ၂၀၂၀  နိုင်ငံတကာ ခြေစမ်းပွဲတွင် တစ်ဂိုးစီသရေရလဒ်နှင့်   ၂၀၂၂ ဆီးဂိမ်းပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွင် တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

    ကျော်လွင်