ရန်ကုန်ယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက် အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရ

နေပြည်တော်  ဇူလိုင်  ၁၄

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၃)အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ  ရန်ကုန်ယူနိုက်တက်အသင်းက  ရခိုင်ယူနိုက်တက်အသင်းကို  ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ 

ပထမပိုင်းပွဲကစားချိန်အစတွင် နှစ်ဖက်အသင်းများ ဦးဆောင်ဂိုးရရှိရန်အတွက် ကြိုးစားယှဉ်ပြိုင် ကစားကြသော်လည်း ဂိုးမရှိသရေရလဒ်ဖြင့် ပထမပိုင်းပွဲကစားချိန် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ရခိုင်ယူနိုက်တက် အသင်းဘက်ကို ထိုးဖောက်တိုက်စစ်ဆင်ကစားခဲ့ပြီး    ဒုတိယပိုင်းပွဲကစားချိန်  ၈၇ မိနစ်တွင် ဒေးဗစ်ထန်းက ဦးဆောင်ဂိုးသွင်းယူခဲ့သဖြင့် ရန်ကုန်ယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက် အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိသည်။

ဇူလိုင်  ၁၆  ရက်တွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့်    ရတနာပုံယူနိုက်တက် အသင်းတို့ ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။   

ကျော်လွင်