တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၅

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ အောင်သီရိဘုရားကုန်းကျောင်းတိုက်မှ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ပြီး ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့ရှိ ဇယန်းကြီးကျောင်းတိုက်၊ တန့်ယန်းမြို့ရှိ အောင်မင်္ဂလာမဟာဝိဟာရကျောင်းတိုက်၊ လောက်ကိုင်မြို့ရှိ ထေရဝါရ ဗုဒ္ဓသာသနာပြုကျောင်း(နားပန်း)၊ ပရိယတ္တိစာသင်တိုက်(နမ့်စလပ်)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းမြို့ရှိ ထေရဝါဒဗုဒ္ဓသာ သနာပြုကျောင်း၊ မိုင်းခတ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်၊ ရပ်တော်မူဘုန်းတော်ကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အလွမ်းဆွတ်ကျေးရွာရှိ အလွမ်းဆွတ် ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ လိပ်ဥကုန်း(စံပြ)ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ နာရီကန်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဘူးသီး တောင်မြို့နယ်ရှိ ဝါးခုတ်ချောင်း ဘုန်းတော်ကြီးကျောင်း၊ မြစေတီ ဘုန်းတော်ကြီး ကျောင်း၊ ရတနာအောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတိုက်၊ တောင်ကုတ်မြို့ရှိ မဟာ သန္တိသုခ ဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့ရှိ ဓနသိဒ္ဓိ ဘုန်းတော်ကြီးကျောင်းနှင့် စဉ့်ကူးမြို့ရှိ ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်းတို့မှ သံဃာ တော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများ၊ ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ် ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။