နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် - ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် လဟယ်မြို့ရှိ နယ်မြေခံတပ် ရင်းခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားပြီး တပ်နယ်မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဒေသခံတိုင်းရင်းသားများအား ကိုဗစ် - ၁၉ ရောဂါ ကာ ကွယ်ဆေး Booster Dose ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ လဟယ်မြို့၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုပြတိုက်၌ မြို့မိမြို့ဖ များ၊ ဒေသခံတိုင်းရင်းသားများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံရာ တာဝန်ရှိသူ များက နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြကြပြီး တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက်တင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ဒေသခံတိုင်းရင်းသားများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လဟယ်မြို့ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ပြုလုပ်သည့် ဒေသ အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြရာ နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူက ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်အားပေးပြီး သင်တန်းခန်းမရှိ သင်တန်းသူများချုပ်လုပ်ထားသော အဝတ်အထည်များနှင့် လက်မှုပစ္စည်းများကို ကြည့်ရှုအားပေးကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရွေးကော်မရှင်ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ဘုန်းတော်ကြီး ကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်ကျောင်း(လဟယ်)သို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။