နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိန့်ပီတာစဘတ်အစိုးရအဖွဲ့ အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိန့်ပီတာစဘတ်အစိုးရအဖွဲ့ အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇူလိုင် - ၁၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ အကြီးအကဲ Mr.Alexander Beglov နှင့် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင် မန်းငြိမ်းမောင်၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် စစ်ဘက်၊ နယ်ဘက်မှ အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော် တို့တက်ရောက်ကြပြီး စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ အကြီးအကဲနှင့်အတူ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့် စိန့်ပီတာ စဘတ်မြို့ အစိုးရအဖွဲ့ဝင်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင် များအား ခင်မင်ရင်းနှီးစွာ ကြိုဆိုကြောင်းနှင့် ရုရှား-မြန်မာ နှစ်နိုင်ငံ ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းသည် နှစ်ပေါင်း ၇၅ နှစ် ကျော်ရှိပြီဖြစ်သည့် အခြေအနေ များ၊ စိန့်ပီတာစဘတ်မြို့ အခြေစိုက်ကုမ္ပဏီများအနေဖြင့် မြန်မာ နိုင်ငံရှိ စိုက်ပျိုးရေး လုပ်ငန်းများတွင် လာရောက်ပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများအပြင် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်၊ ပညာရေးနယ်ပယ်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုနယ်ပယ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်၊ ဘာသာသာသနာ ထွန်းကား ပြန့်ပွားရေးအတွက် ယဉ်ကျေးမှုဖလှယ်ရေးရာနယ်ပယ် စသည် ဖြင့် နယ်ပယ်ပေါင်းစုံ တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်အပြင် ကောင်းမွန်သည့်မူဝါဒများ ချမှတ်၍  နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံ့ဖြိုး တိုးတက် အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် အမျိုးသား အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများ၊ ဇူလိုင်လ ၁ ရက်တွင် မြန်မာနိုင်ငံ အနေဖြင့် ရုရှားနိုင်ငံသားများကို မိတ်ဆွေရင်းနိုင်ငံပီသစွာ ဗီဇာကင်းလွတ်ခွင့်ပေးခဲ့သည့်အတွက် ရုရှားဖက်ဒရေးရှင်း နိုင်ငံသားများအားလုံးကိုယ်စား ကျေးဇူးတင်ရှိသည့် အခြေအနေများ၊ စိန့်ပီတာစဘတ် မြို့တွင် မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊  state level၊ regional level ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့် အခြေအနေ များနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ အကြီးအကဲတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးခွန်းများကို အတူ တကွ ဖြေကြားခဲ့ကြသည်။

ထို့နောက် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ အကြီးအကဲက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား အစိုးရအဖွဲ့ရုံး အတွင်းလှည့်လည်ပြသ၍ နိုင်ငံ့ခေါင်းဆောင်များ ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ရုံးခန်းများနှင့် ရုံးဖွဲ့စည်းဆောင်ရွက်မှုများအား လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်း ရရှိသည်။